ကော့သောင်းမြို့သည် မြန်မာနိုင်ငံ တနင်္သာရီတိုင်း၏ တောင်ဘက်အကျဆုံး အစွန်းအဖျားတွင်တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။မြန်မာနိုင်ငံ၏မြောက်ဘက်အကျဆုံး ပူတာအိုမြို့မှ ကော့သောင်းအထိ ကီလိုမီတာ ၂၀၀၀(၁၂၄၂ မိုင်ခန့်)ကွာဝေး၍ ရန်ကုန်မြို့မှ ကော့သောင်းအထိ ကီလိုမီတာ ၈၀၀ (၄၉၇ မိုင်ခန့်)မျှကွာဝေးလေသည်။ကော့သောင်းမြို့သည် ရေလုပ်ငန်းအဓိကထားသော ကျေးလက်၏ဓလေ့များကိုထိန်းသိမ်းထားလျှက်ရှိသည်။ပင်လယ်ရေနယ်နိမိတ်ချင်းဆက်စပ်နေသည့် ကော့သောင်းနှင့်ထိုင်းနိုင်ငံမှ ရနောင်းမြို့သည် မျက်နှာချင်းဆိုင်တည်ရှိနေသည်။ရနောင်းဘက်မှ ကော့သောင်းကိုလှမ်းမျှော်ကြည့်လိုက်ပါက ပင်လယ်အော်တစ်ဝိုက်ရှိ လူနေအိမ်ခြေများကို သစ်တောဖုံးလွမ်းနေသော တောင်ကုန်များနောက်ခံပြုလျက်တည်ရှိနေသည်ကိုတွေ့ရှိနိုင်ပေသည်။
ကော့သောင်းမြို့ကို ရောက်ရှိပါက ဘုရင့်နောင်အငူ(Cape Bayin Naung)တွေ့ရမည်။
ကော့သောင်းနှင့်ဘုရင့်နောင်
ဘုရင့်နောင်မင်းတရားကြီး(ခရစ်နှစ်၁၅၅၁ ခုမှသည် ၁၅၈၁ ခုနှစ်)သည် အဝေးဆုံး ဗီယန်ရှင်းနှင့်ဇင်းမယ်အထိ အနောက်ဘက်တွင် အာသံပြည်နယ်အထိ နယ်နိမိတ်ဖြန့်ကျက်ခဲ့ပေသည်။
ဘုရင့်နောင်သည် ယိုးဒယားအား ထိုးစစ်ဆင်တိုက်ခိုက်ရန် ကော့သောင်းသို့ မကြာမကြာစစ်ချီရောက်ရှိလာခဲ့ပေသည်။ ဘုရင့်နောင်မင်းတရားကြီးသည် သြဇာတိက္ကမကြီးသည့် ဘုရင်တစ်ပါးဖြစ်ခဲ့ချေသည်။သူသည် ၁၅၄၈ခုနှစ်နှင့် ၁၅၆၉ခုနှစ်ကြားကာလများအတွင်းက စစ်သူကြီးအဖြစ်နှင့်နောက်ပိုင်းတွင် ဧကရာဇ်အဖြစ် အကြိမ်အတော်တော်များများ ယိုးဒယားနိုင်ငံ၏ ကျူးကျော်စစ်ကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ကာ ၁၅၆၉ခုနှစ်တွင် ယိုးဒယားနိုင်ငံ၏မြို့တော် အယုဒ္ဓမြို့ကိုတိုက်ခိုက်ခဲ့သည်။
ကော့သောင်းမြို့နှင့်ပတ်ဝန်းကျင်
ကော့သောင်းမြို့တွင် ခရီးသည်အပြိုင်ခေါ်ယူကြသော လှေသမားများ၏ အသံများဖြင့် ပျံ့လွင့်လျက်ရှိသည်။ကော့သောင်းသည် စည်ကားလှသော ငါးဖမ်းဆိပ်ကမ်းတစ်ခုဖြစ်သည်။ဖမ်းဆီးရမိသော ငါးအများဆုံးကို ဈေးကောင်းရသော ရနောင်းတွင် သွားရောက်ရောင်းချကြလေသည်။
ကော့သောင်းမြို့တွင်း၌ မြန်မာ ကရင် မွန် ရခိုင် တရုတ် မလေး အိန္ဒိယ ဆလုံနှင့်ယိုးဒယားလူမျိုးများ အပါအ၀င် လူမျိုးပေါင်းစုံနေထိုင်ကြသည်။ဗုဒ္ဓဘာသာဘုရားစေတီပုထိုများ ဘုန်းကြီးကျောင်းများ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့်ဗလီဝတ်ကျောင်းများ အသီးသီးရှိသည်။သယ်ယူပို့ဆောင်ရေးတွင် အဓိကနည်းလမ်းတစ်ခုဖြစ်နေသည့် မော်တော်ဆိုင်ကယ်များဖြင့် ကော့သောင်းသည် အမြဲတမ်းသက်ဝင်လှုပ်ရှားနေပေသည်။မော်တော်ဆိုင်ကယ်ကို အငှားယဉ်အဖြစ်အသုံးပြုနိုင်၍ ကားများကို အတွေ့ရနည်းလှပေသည်။
ဆူညံသံများမှကင်းဝေးစေရန်နှင့်ကော့သောင်းမြို့၏စွဲမက်ဖွယ်ရှိသော ရူမျှော်ခင်းကို ခံးစားနိုင်ရန်အတွက် ဘုရင့်နောင်မတ်တတ်ရပ်ဟန်ရုပ်တုတည်ရှိရာ တောင်းကုန်ပေါ်သို့ တက်ရောက်၍ ကြည့်ရူနိုင်ပေသည်။လှေကားထစ်များသဖွယ် တည်ဆောက်တားပုံရသည့် လူနေအိမ်ခြေထူထပ်လှသော ကော့သောင်းမြို့မြစိမ်းရောင် သစ်တောများဖုံးလွှမ်းထားသည့် တောင်ကုန်းများက ၀န်းရံထားကြသည်။အိမ်ခြေများသည် မြို့ပြင်ဘက်သာမက တောင်ခြေတောင်ကုန်းငယ်များတိုင်အောင် ပျံနှံနေကြသည်။ကုန်းမြင့်အထက်ပိုင်းနေရာများတွင် ဘုရားစေတီများတည်ရှိနေကြပြီး အဝေးရှိတောင်းကုန်းငယ်တစ်ခုခြေရင်းတွင် လျှောင်းတော်မူဗုဒ္ဓရုပ်ပွားတော် တစ်ဆူတည်ရှိနေသည်။
ဘုရင့်နောင်အငူ (ယခင်ဝိတိုရိယပွိုင့်)
ဗြိတိသျှအုပ်ချုပ်စဉ်ကာလ ၀ိတိုရိယဘုရင်မကြီး(QUEEN VICTORIA)ကို အစွဲပြု၍ ကော့သောင်းဝိတိုရိယပွိုင့်ဟု အမည်ပေးခဲ့ကြသည့် ဆိပ်ကမ်းနေရာတစ်ခုရှိသည်။၎င်းဆိပ်ကမ်းနေရာသည် နေရောင်အောက်တွင် အရောင်တလက်လက်တောက်နေသည့် ရေမြင်အတွင်းသို့ ထိုးထွက်နေသည့် ကျွန်းဆွယ်တစ်ခုဖြစ်သည်။ထိုဝိတိုရိယပွိုင့်အငူစွန်းကို ယခုအခါဘုရင့်နောင်အငူဟုအမည်မှည့်ခေါ်ခြင်းဖြစ်သည်။
ဘုရင့်နောင်အငူစွန်းတွင်ခြေတံရှည်လူနေအိမ်များ၊နယ်ဒေသစစ်ဆေးရေးဂိတ်ဝနှင့်လူဝင်မှု့ကြီးကြပ်ရေးစသည့်ရုံးများလည်းရှိသည်။ကော့သောင်းကုန်းမြေနှင့်မျက်နှာချင်းဆိုင်ဆက်စပ်နေသောကျွန်းမှာမြိတ်ကျွန်းစု
တွင်ပါဝင်သောတောင်ဘက်အကျဆုံးကျွန်းတစ်ကျွန်းဖြစ်သည်။ယင်းကျွန်းသည်မွေတော်ကျွန်းအဖြစ် ထင်းရှားသည်။မြတ်ဗုဒ္ဓ၏ဓာတ်တော်မွေတော်များထည့်သွင်းဌာပနာထားသည်ဆိုသောတေင်ကုန်းထိပ်ရှိစေတီနှစ်ဆူတည်ရှိရာကျွန်းဖြစ်ပေသည်။ယင်းကြေင့်ပင်အဆိုပါမွေတော်ကျွန်းသို့ ကော့သောင်းဘက်မှငါးမိနစ်ကြာမျှလှေစီး၍ကူးသန်းသွားလာကြသောဘုရားဖူးခရီးသွားများအဆက်မပြတ်ရှိနေတတ်သည်။ကော့သောင်းမှနေ၍ အန်ဒမန်ကလပ်ဇော့တ်(Andaman Club Resort)ဟိုတယ်ရှိရာသူဌေးကျွန်းဆီသို့ ဖယ်ရီသင်္ဘောဖြင့်၁၀မိနစ်ခရီးအဖြစ်သွားရောက်နိုင်သည့်စပိဘုတ်(Speed Boat)ဖြင့်သွားေ၇ာက်ပါကသုံးမိနစ်ကြာမျှသွားရသည်။
သူဌေးကျွန်းနှင့်ကော့သောင်းတံငါရွာ
ဘုရင့်နောင်ရုပ်ထုတည်ရှိရာနေရာမှအန်ဒမန်ပင်လယ်ပြင်ကိုဖြတ်ကျော်ကြည့်လိုက်ပါကသူဌေးကျွန်းကိုထင်ရှားစွာတွေ့မြင်နိုင်ပေသည်။သူဌေးကျွန်းရှိအန်ဒမန်ကလပ်ရီဇော့တ်ဟိုတယ်သည် အထူးဖန်တီးထားသည့်တည်းခိုနားနေရာဟိုတယ်ဖြစ်သည်။၁၈ကျင်းပါဝင်သည့်ဂေါက်တီးရိုက်ကွင်း ကလေးများအတွက် ရေကူးကန်တစ်ခုနှင့်လူကြီးများအတွက် ရေကူးကန်ကြီးတစ်ခု အစဉ်အလာရိုးရာအနှိပ်ပညာဖြင့် ၀န်ဆောင်ပေးမူများသာမက လေ့ကျင့်ခန်းသုံးပစ္စည်းကရိယာများအပြည့်အစုံရှိသော ကျန်းမာရေးလေ့ကျင့်ခန်းနေရာ ကာရာအိုကေခန်းမ
နှင့်နိုင်ငံတကာစားတော်ဆက်များဖြင့် စီစဉ်ပေးထားသည်။ ယင်းဟိုတယ်၏အဆင့်အတန်းမှာ ကြယ်ငါးပွင့်အဆင့်ရှိပြီး ဂြိုဟ်တုဆက်သွယ်ရေး ရုပ်မြင်သံကြား ဟိုတယ်တွင်းရုပ်ရှင်ရုံနှင့် IDD တယ်လီဖုန်းများတပ်ဆင်ဆောင်ရွက်ပေးထားသည်။
ကော့သောင်းမြို့မှ ငါးကီလိုမီတာအကွာ၌ သိရိမြိုင်ရပ်ကွက်အမည်ရှိ တံငါရွာတည်ရှိနေပေသည်။၎င်းတံငါရွာအနီးရှိ တောင်ကုန်းတစ်ခုထိပ်တွင် သုံးမိုင်ဘုရားရှိသည်။အဓိကစေတီတော်အား ရွှေသင်္ကန်းကပ်လှူပူဇော်ထားသည်။စေတီ၏အောက်ခြေဖိနပ်တော်မှာ ထောင့်ရှစ်ထောင့်ပါရှိသည့် အဋ္ဌဂံပုံစံအုတ်ခုံဖြစ်ပေသည်။ယင်းထောင့်ရှစ်ထောင့်ရှိ ဋ္ဌာပနာအတွင်းချိုင့်နေရာရှစ်နေရာတွင် တင်ပျဉ်ခွေဗုဒ္ဓရုပ်ပွားတော်တစ်ဆူစီ ကိန်းဝပ်စံပယ်လျက်ရှိသည်။တောင်ကုန်းအမြင့်ဆုံးနေရာတွင် ကြာပွင့်ပေါ်၌ထိုင်၍ စံပယ်နေသော မြတ်ဗုဒ္ဓရုပ်ပွားတော်၏ ဦးခေါင်းတော်အထက်၌ နဂါးမင်းကပါးပျဉ်းဖြင့်အုပ်မိုးထားသည့် နဂါးရုံဘုရားတစ်ဆူကိုဖူးမြော်နိုင်ပေသည်။တောင်ကုန်းအထက်မှ လှမ်းကြည့်လိုက်ပါက သီဟိုပင်စိုက်ခင်းများ ပြာလဲ့ကြည်လင်သော အန်ဒမန်ပင်လယ်ပြင် သူဋ္ဌေးကျွန်း ဆလုံကျွန်းနှင့်ပို၍ဝေးသောနေရာတွင် ဇာဒက်ကြီးကျွန်းတို့အပါဝင်မြိတ်ကျွန်းစုကို တွေ့မြင်ရမည်ဖြစ်သည်။
မြိတ်ကျွန်းစု
မြိတ်ကျွန်းစုတွင် စုစုပေါင်းကျွန်းပေါင်း ၈၀၄ ကျွန်းပါဝင်သည်ဟုဆိုသော်လည်း အချို့ခန့်မှန်းတွက်ဆမှုအရ ကျွန်းပေါင်း ၁၀၀၀ကျော်ရှိနိုင်သည်ဟုဆိုကြ၏။အကြီးဆုံးကျွန်းမှာ ဘုရင်ကျွန်း(KING ISLAND)ဖြစ်ပြီး ဟက်တာပေါင်း ၄၄၀၀၀ရှိသည်။ကျွန်းအများအပြားမှာ ပင်လယ်အတွင်းမှထိုးထွက်နေကြသော ကျောက်တုံးကျောက်စိုင်ကျွန်းများဖြစ်ကြသည်။အချို့ကျွန်းများမှာ ထုံးကျောက်ကျွန်းများဖြစ်ကြပြီး မီတာပေါင်းရာနှင့်ချီ၍ရှည်လျားသည်။ယင်းကျွန်းများပေါ်တွင် ဇီဝဇီုးငှက်သိုက်များကို တွေ့ရှိကြသည်။လူများနှစ်ခြိုက်ခုံမင်စွာ ငှက်သိုက်ဆေးဖော်စပ်သုံးစွဲကြပြီး တန်ဖိုးကြီးမားသည့် အစားအစာတစ်ခုလည်းဖြစ်သည်။ကစ်စာရိုင်းနှင့်ဒိုမဲလ်ကျွန်းတို့အကြားရှိ ကျွန်းတစ်ခုကို စကျင်ကျောက်(ကျောက်ဖြူ)ကျွန်းများဟုခေါ်ဝေါ်သမုတ်ထားကြသည်။အရည်သွေကောင်း စကျင်ကျောက်များထွက်ရှိသည်။ကစ်စရိုင်းနှင့်ဆဲလ်လိုကျွန်းများ၏ ကမ်းရိုးတန်းတစ်လျှောက်"ဘုရင့်ကျွန်း "ထားဝယ်ကျွန်းနှင့်တံငါကျေးရွာများကလွဲလျှင် မြိတ်ကျွန်းစုသည် ယင်းကျွန်းစုကိုလှည့်လည်သွားလာကျက်စားနေကြသော ဆလုံသို့မဟုတ် ပင်လယ်ဂျစ်ပစီတို့အဓိကနေထိုင်ကြသည်။
ဆလုံတို့ဋ္ဌာနီ
တစ်ချိန်သောအခါက အသားအရေညိုမည်းပြီး နေလောင်ဒဏ်ကြောင့် ခြောက်သွေ့၍နီကြောင်ကြောင်ဖြစ်နေသော ဆံပင်များရှုပ်ပွနေသည့် ဆလုံလူမျိုးစုတို့သည် မလေးကျွန်းဆွယ်(ယနေ့မလေးရှားကျွန်းဆွယ်)တွင် အခြေချနေထိုင်ခဲ့ကြသည့် မလေးလူမျိုးနွယ်ဝင်များဖြစ်သည်။၎င်းတို့၏ဘာသာစကားမှာ ကမ္ဘောဒီးယာက ချင်းတိုင်းရင်သားတို့၏ စကားနှင့်အတော်ပင်တူညီမှုရှိနေသည်ကိုတွေ့ရသည်။ပင်လယ်ပျော်ဆလုံကျွန်းသားတို့၏ ရေကူးရေငုပ်ကျွမ်းကျင်မှုသည်လည်းအံ့သြဖွယ်ရာဖြစ်ပေသည်။၂၀၀၄ခုနှစ် ဖေဖော်ဝါရီလတွင် လန်ပီကျွန်း၌ကျင်းပခဲ့သော ဆလုံပွဲတော်မှာလည်း ကမ္ဘာလည့်ခရီးသွားများအတွက် အလွန်စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ကော့သောင်းအနီးရှိ ဆလုံကျွန်းတွင် လင်းပိုင်မွေးမြူလေ့ကျင့်မှုသည်လည်း အောင်မြင်နေပြီဖြစ်၍ တနင်္သာရီတိုင်းအတွင်း ကမ္ဘာလည့်ခရီးသွားလုပ်ငန်း အခြေခံကောင်းများတိုးတက်နေပြီဖြစ်သည်။
ဆလုံတို့သည်ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြလေသည်။ရေပျော်ဆလုံတို့သည် ငါးပုတ် ငါးကွမ်းရှပ် ငါးခွေးရှာ ငါးပုဏ္ဍား ကကူရံ ငါးမြင်းရင်း ငါးမြစ်ချင်းတို့ကိုဖမ်းဆီးပြီး ရနောင်းလက်ကားအ၀ယ်ဒိုင်များသို့ရောင်းချကြသည်။
ကော့သောင်းမြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး ရော်ဘာလုပ်ငန်းမှာလည်း တိုးတက်ဖွံ့ဖြိုးလျက် ပြင်ပတိုက်ရိုက်တင်ပို့နိုင်သော ပင်လယ်ရေထွက်ကုန်ပစ္စည်းများဖြင့် စည်ကားလှသည့် တံငါဆိပ်ကမ်းတစ်ခုလည်းဖြစ်သည်။ကမ်းနားလမ်း အနောက်ဘက်တွင် ပင်လယ်ထွက်အစားအစာရောင်းချသော စားတော်ဆက်အများအပြား တည်ရှိနေကြသည်။တနင်္သာရီတိုင်းသည် ရေသယံဇာတ မြေသယံဇာတပေါများသည်ဖြစ်ရာ လယ်ယာကဏ္ဍစုစုပေါင်း စိုက်ပျိုးနိုင်မှုသည် ယခင်တစ်နှစ်လျင် ဧက ၄၆၈၀၀၀ ကျော်ရှိခဲ့ရာမှ ယခုအခါ ဧက ၆၇၀၀၀၀ ကျော်အထိတိုးတက်လာကြောင်းသိရသည်။တစ်နှစ်ဆန်စပါးစိုက်ပျိုးထုပ်လုပ်နိုင်မှုသည်လည်း တင်းပေါင်း ၁၆၇ သိန်းအထိတိုးတက်လာသည်ဟုဆိုသည်။
တနင်္သာရီတိုင်းသည် ဆီအုန်းစိုက်ပျိုးရန်းရေမြေသဘာဝ ရာသီဥတုအခြေအနေပေးသည့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင် ၁၆ဖွဲ့ကဆီအုန်းပင်များကို အင်တိုက်အားတိုက်စိုက်ပျိုးခဲ့ရာ ယနေ့အချိန်တွင် ဧက ၁၁၀၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်သည်။မကြာသောကလတွင် တနင်္သာရီတိုင်းသည် နိုင်ငံတော်၏ဆီအိုးကြီးအဖြစ်တင်းစားခေါ်ခံရမည်မှာ မလွဲဧကန်ဖြစ်သည်။
စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်သော ရော်ဘာကိုလည်း ဧက ၁၄၀၀၀၀ ကျော်အထိတိုးချဲ့စိုက်ပျိုးနိုင်ခဲ့သည်။သားငါးကဏ္ဍတိုးတက်မှု ငါးပုစွန်ထုပ်လုပ်မှု ပုလဲမွေးမြူရေးလုပ်ငန်း ဥစားကြက်မွေးမြူရေး ပညာရေးစသည့်ကဏ္ဍအသီးသီး၌ဖွံ့ဖြိုးတိုးတက်မှုများရှိလာခဲ့သည်။စက်မှုဇုန်းများဖွဲ့စည်းပြီး မော်တော်ကားများကိုပင် ထုပ်လုပ်နေလေပြီ။ ရေး-ထားဝယ်မီးရထားလမ်းကိုလည်းဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်သည်။တနင်္သာရီတိုင်းအတွက် အသစ်တည်ဆောက်ပြီးသွားသော လေညှာမြစ်ကိုဖြတ်ကူးထားသည့် လေညှာ-မဏ္ဍိုင်တံတားနှင့်ကျွဲကူး-ကျောက်ဖျာတံတားတို့ကိုလည်း ရှေ့ဆင့်နောက်ဆင့်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။သဘာဝဓာတ်ငွေ့ကိုလည်းတိုးချဲ့ရှာဖွေဖော်ထုတ်လျက်ရှိနေသည်။ကျွဲကူး-ကျောက်ဖျာတံတားမှာ တနင်္သာရီတိုင်းတွင်တည်ရှိ၍ကျောက်ဖျာမြစ်ကူး မြိတ် - ထားဝယ်ကားလမ်းပေါ်၌တည်ရှိသည်။ယခုအခါတနင်္သာရီတိုင်းတွင် တံတားများစွာတို့ကို နိုင်ငံတော်ကတည်ဆောက်ပေးခဲ့သဖြင့် မြန်မာနိုင်ငံ မြောက်ဘက်စွန်းမှတောင်ဘက်စွန်း ကော့သောင်းမြို့အထိတောက်လျှောက်ဥဒဟိုသွားလာနိုင်ပြီဖြစ်သည်။မြန်မာပြည်တောင်ဘက်အဖျားစွန်းက ကော့သောင်းမြို့သည် တစ်နှစ်ထက်တစ်နှစ်ပိုမိုလှပသာယာကာကြည်နှုးဖွယ်ဖြစ်ပေတော့သည်။
Friday, December 10, 2010
စာပေစုဆောင်းလိုလျှင်
စာပေ၀ါသနာပါသူများအဖို့ အရေးအကြီးဆုံးအချက်မှာ စာပေစုဆောင်း တတ်ဖို့ပင်ဖြစ်သည်။ စာပေနှင့်ပတ်သက်သော အချက်အလက် အကြောင်းအရာ၊ ဝေါဟာရများ၊ စာဆိုများ၏အတ္ထုပ္ပတ္တိများ၊ စာပေသမိုင်း၊ စာပေပုံစံများ၊ ကဗျာလင်္ကာများ၊ စကားပုံ၊ ဆိုရိုးစကား၊ သဒ္ဒါ၊ ဆန်းကျမ်း၊ အလင်္ကာကျမ်း စသည်များကို သိရှိနားလည်မှသာလျှင် စာပေရေးသားရာတွင်လည်းကောင်း၊ စာပေဟောပြောရာတွင်လည်းကောင်း များစွာ အသုံးဝင်မည်ဖြစ်သည်။
စင်စစ်စာပေဟူသည် သမုဒ္ဒရာတမျှ ကျယ်ဝန်းနက်ရှိုင်းလှသည်။ သောက်သုံး၍ မကုန်၊ ခပ်ယူ၍ မခန်းနိုင်သော စာပေသမုဒ္ဒရာပြင်ကျယ်ကြီးဖြစ်သည်။ လူတစ်ဦးတစ်ယောက်တတ်ကျွမ်းနားလည်သော စာပေပမာဏမှာ မနည်းငယ်သာရှိသည်။ သိပ္ပံပညာရှင်ကြီး ဆာအက်ဇက်နယူတန်သည် သိပ္ပံပညာရပ်နှင့် သင်္ချာပညာရပ်တို့တွင် ပညာရှင်ဖြစ်သည့်အပြင် စာပေဘက်တွင်လည်း ၀ါသနာပြင်းထန်သူ ကမ္ဘာသိပုဂ္ဂိုလ်ကျော်ကြီး ဖြစ်သည်။ ဆာအက်ဇက်နယူတန်က သူတတ်မြောက်သော စာပေအတိုင်းအဆ ပမာဏကိုပြောပြဖူးသည်။
စာပေဟာ သမုဒ္ဒရာတမျှ ကျယ်ဝန်းနက်ရှိုင်းလှပါတယ်၊ မိမိတတ်တဲ့ စာပေပမာဏဟာ ဘယ်လောက်ရှိသလဲဆိုရင် အဲဒီသမုဒ္ဒရာကမ်းခြေက ခရုခွံလေးလောက်သာရှိပါသတဲ့။
ခေတ်စမ်းစာဆိုတစ်ဦးဖြစ်သော ဆရာကြီး မင်းသုဝဏ်က စာပေ၀ါသနာပါသူတိုင်း စု တု ပြု ဟူသော ဝေါဟာရသုံးလုံးကို အမြဲလက်ကိုင်ထားရန် ညွှန်ပြခဲ့သည်။
စာရေးဝါသနာပါတွေဟာ ပထမစုဆောင်းရပါတယ်။ ဝေါဟာရ စုဆောင်းရပါတယ်။ အချက်အလက်တွေ စုဆောင်းရပါတယ်။ အဖွဲ့အနွဲ့တွေ စုဆောင်းရပါတယ်။ စုဆောင်းလို့ အတ်ာရလာတဲ့ အခါကျတော့ တုပရပါတယ်။ ရှေးရှေးဆရာကြီးများ ရေးပုံ သားပုံ ဖွဲ့နွဲ့ပုံတွေကို ဖတ်ရွက်လေ့လာပြီးတော့ တုပရေးသားဖွဲ့နွဲ့ရပါတယ်။ နောက်ကျတော့ အတုအပခေတ်ကိုကျော်လွန်ပြီး ကိုယ်ပိုင်ဝေါဟာရနဲ့ ကိုယ်ပိုင်အချက်အလက်တွေကို သုံးပြီး ကိုယ်ပိုင်အဖွဲ့အနွဲ့တွေကို ပြုစုရပါတယ် ဟု ဆရာမင်းသုဝဏ်က ပြောကြားခဲ့သည်။
စာပေစုဆောင်းလိုသူတစ်ဦးသည် ပထမဆုံး စာကိုများများဖတ်ရမည်။ စာဖတ်ရာမှ ရရှိသော စာပေဗဟုသုတများကို စုဆောင်းမှတ်ထားနိုင်ရန် မှတ်စုစာအုပ်များထားရမည်။ ၎င်းမှတ်စုစာအုပ်ထဲတွင် စာပေဗဟုသုတများကို အမြဲရေးမှတ်ထားပါ။ ဗဟုသုတများကို ဦးနှောက်ထဲတွင် စုဆောင်းထားသည်ထက် မှတ်စုစာအုပ်များတွင် စုဆောင်းထားသည်က ပိုကောင်းပါသည်။
တရုတ်စကားပုံတွင် အဖျော့ဆုံးသောမင်သည် အစွဲဆုံးသော မှတ်ဥာဏ်ထက် ပိုကောင်း၏။
The palest ink is better than the most retentive memory. ဟူသော စကားပုံ ရှိသည်။
စာပေစုဆောင်းရာတွင်
(၁) ဝေါဟာရများ
(၂) ၀ါကျအသုံးအနှုန်းများ
(၃) အလင်္ကာအဖွဲ့အနွဲ့များ
(၄) စကားလုံးများ
(၅) ဆိုရိုးစကားများ
(၆) ကဗျာများ
(၇) စာပေနှင့်ပတ်သက်သော အချက်များ
(၈) စာရေးဆရာများ၏ အတ္တုပ္ပတ္တိများ
(၉) စာပေဆိုင်ရာ အဆိုအမိန့်များ
(၁၀) စာရေးဆရာ၊ စာပေပညာရှင်များနှင့် ပတ်သက်သော မှတ်သားဖွယ်အဖြစ်အပျက်များ စသည့်တို့ကို စုဆောင်းရပါမည်။
အောက်ပါ အချက်အလက်များသည် စာပေပညာရှင်များ စာရေးဆရာကြီးများ၏ နည်းနာနိဿယများကို စာရေးသူက စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။
ဝေါဟာရများ
စာပေဝေါဟာရများကို ရှာဖွေစုဆောင်းရာတွင် အဘိဓာန်များကို အမြဲသုံးစွဲရပါမည်။ မြန်မာစာပေကို လေ့လာရာတွင် မြန်မာစာအဖွဲ့က ပြုစုထုတ်ဝေသော မြန်မာအဘိဓာန် မြန်မာအင်္ဂလိပ်အဘိဓာန် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း များကို လက်ကိုင်ထားသင့်ပေသည်။ အင်္ဂလိပ်ဝေါဟာရများ နှံ့နှံ့စပ်စပ်သိရှိနိုင်ရန် အင်္ဂလိပ် အင်္ဂလိပ် အဘိဓာန် အင်္ဂလိပ် မြန်မာ အဘိဓာန်တို့ကိုအသုံးပြုပါ။ Hornby ၏ Learner’s Dictionary, စီပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြုစုထုတ်ဝေသော အင်္ဂလိပ်မြန်မာအဘိဓာန်ကို စာပေ၀ါသနာပါသူတိုင်း ကိုးကားလေ့လာရပါမည်။ ရှေးခေတ်သုံးပေါရာဏ စကားလုံးများ၊ ဗန်းစကားများ၊ ဒေသအလိုက် ပြောဆိုသော စကားလုံးများကိုပါ လေ့လာထားပါက အကျိုးရှိပါသည်။ သံတူကြောင်းကွဲ ဝေါဟာရများ၊ ကြောင်းတူသံကွဲ ဝေါဟာရများ၊ ဆန့်ကျင်ဘက်ဝေါဟာရများ၊ အနက်တူဝေါဟာရများကို သီးခြားလေ့လာပါက ဝေါဟာရများကြွယ်ဝလာနိုင်ပါသည်။
ဝါကျအသုံးအနှုန်းများ
ဘာသာစကားရပ်တိုင်းတွင် ၀ါကျဆိုင်ရာ အဖွဲ့အနွဲ့များ၊ အလင်္ကာမြောက် အဖွဲ့အနွဲ့များကို တတ်နိုင်သလောက် လေ့လာဆည်းပူးရပါသည်။ စာများများဖတ်မှသာ ၀ါကျအဖွဲ့အနွဲ့များ၊ အလင်္ကာမြောက် အဖွဲ့အနွဲ့များကို သိရှိနိုင်သည်။ အင်္ဂလိပ်စာပေတွင် အင်္ဂလိပ်စာအသုံးအနှုန်း(English Usege)၊ အင်္ဂလိပ်စာဝါကျဖွဲ့စည်းပုံ (English Sentence Construction) များနှင့်ဆိုင်သော စာအုပ်များကို သီးသန့်ထုတ်ဝေထားရာ အင်္ဂလိပ်စာလေ့လာသူများအဖို့ အလွယ်တကူ လေ့လာနိုင်သည်။ အင်္ဂလိပ်အဘိဓာန်များတွင် ဝေါဟာရများ၏ ၀ါကျအသုံးအနှုန်းများကို စုံလင်စွာဖော်ပြထားရာ လေ့လာနိုင်လေ အကျိုးရှိလေပင်ဖြစ်သည်။ မြန်မာစာပေနှင့်ပတ်သက်သော ၀ါကျများကိုလေ့လာလိုပါက မြန်မာစာပေပညာရှင်များ၊ မြန်မာစာရေးဆရာများ၏ စာအုပ်များကို ဂရုတစိုက်လေ့လာဖတ်ရှုပြီး ၎င်းစာအုပ်များမှ ၀ါကျအဖွဲ့အနွဲ့၊ အလင်္ကာမြောက်အဖွဲ့အနွဲ့များကို မှတ်စုစာအုပ်များတွင် ကူးယူရေးမှတ်ထားရပါမည်။ ရာသီဥတုနှင့်ဆိုင်သောဝါကျများ၊ စာပန်းချီဆန်ဆန်ဖွဲ့နွဲ့သော ၀ါကျများ၊ ထူးခြားသော ၀ါကျများ၊ အလင်္ကာမြောက်ဝါကျများကို သီးခြားစုဆောင်းရေးသားခြင်းဖြင့် စာရေးသောအခါ ရသမြောက်အောင် ရေးသားနိုင်ပါလိမ့်မည်။
စကာပုံများ
လူမျိုးတိုင်း၊ ဘာသာစကားတိုင်းတွင် သီးခြားစကားပုံများရှိကြသည်။ နိုင်ငံတိုင်းတွင် စကားပုံများအသီးသီးရှိကြပါသည်။ ၎င်းစကားပုံများကို လေ့လာဖတ်ရှုခြင်းဖြင့် လူမျိုးတစ်မျိုး၏အတွေးအခေါ် အယူအဆ အပြောအဆိုများကို သိရှိနိုင်သည်။ မြန်မာလူမျိုးတို့၏ စကားပုံများကို လေ့လာလိုပါက မြန်မာစာအဖွဲ့ကထုတ်ဝေသော မြန်မာစကားပုံ စာအုပ်ကို ၀ယ်ယူဖတ်ရှုလေ့လာနိုင်သည်။ ကမ္ဘာနိုင်ငံများဆိုင်ရာ စကားပုံစာအုပ်များကို ထုတ်ဝေထားရာ အလွယ်တကူလေ့လာနိုင်သည်။ မြန်မာစကားပုံ စာအုပ်တွင် မြန်မာစကားပုံများ၏ အနက်အဓိပ္ပာယ်များကို တစ်ခုချင်းရှင်းလင်းထားရာ အကျိုးကျေးဇူးများလှသည်။
ဆိုရိုးစကားများ
လူမျိုးတိုင်း၊ ဘာသာစကားတိုင်းတွင် စကားပုံများရှိသကဲ့သို့ ဆိုရိုစကားများလည်းရှိပါသည်။ မြန်မာလူမျိုးတို့သည် စကားပြောဆိုရာတွင်လည်းကောင်း စာရေးသားရာတွင်လည်းကောင်း ဆိုရိုးစကားများကို အလျဉ်းသင့်တိုင်း သုံးစွဲတတ်ကြသည်။ ဆိုရိုးစကားများတွင် ဘာသာရေးဆိုရိုးစကားများ မြန်မာ့အယူအဆဆိုရိုးစကားများ မိုးလေ၀သ ဆိုရိုးစကားများ၊ ကျောက်မျက်ရတနာဆိုရိုးစကားများ၊ စိုက်ပျိုးရေးဆိုင်ရာဆိုရိုးစကားများ စာပေဆိုရိုးစကားစသည်ဖြင့် ဆိုရိုးစကားအများအပြား ရှိပါသည်။ မြန်မာစာအဖွဲ့ကက ပြုစုရေးသားထုတ်ဝေသော မြန်မာဆိုရိုးစကား စာအုပ်တွင် မြန်မာတို့ ပြောဆိုသုံးစွဲနေကျ မြန်မာ့ဆိုရိုးစကားများကို အဓိပ္ပာယ်ရှင်းလင်းချက်များဖြင့် ဖော်ပြထားရာ အလွန်အသုံးဝင်လှသော အဖိုးတန်စာအုပ်ဖြစ်သည်။
ထို့အပြင် ဒေသိယစကားခေါ် အရပ်ဒေသအလိုက်ပြောသောစကားများ၊ ဗန်းစကားများ၊ စကားထာ၊ စကားဝှက်များကိုပါ လေ့လာဆည်းပူးသင့်ကြောင်း စာပေပညာရှင်များက နည်းပေးလမ်းညွှန်ကြသည်။
ကဗျာများ
ဘာသာစကားတစ်ခုတွင် စကားပြေနှင့်ကဗျာလင်္ကာဟူ၍ နှစ်မျိုးနှစ်စားတွေ့ရသည်။ ကဗျာတွင် ပုံစံနှင့်အကြောင်းအရာအမျိုးမျိုးကိုတွေ့နိုင်သည်။ မြန်မာစာပေတွင် နည်းစနစ်များအရ ဖွဲ့နွဲ့ထားသောကဗျာများရှိသလို ယခုအခါ မော်ဒန်ကဗျာများကိုလည်း တွေ့နိုင်သည်။ မြန်မာစာပေတွင် ကဗျာများကို ခေတ်အလိုက်လေ့လာ၍လည်း ရသည်။ ကဗျာစာဆိုတစ်ဦးချင်းစီ၏ကဗျာများကိုလည်းကောင်း အထူးပြုလေ့လာနိုင်သည်။ မြန်မာစာပေပညာရှင်တစ်ဦးက မြန်မာကဗျာများကိုစုဆောင်းရာတွင် နွေမိုးဆောင်းရာသီကဗျာများ၊ ဘာသာတရားနှင့်ဆိုင်သော ကဗျာများ၊ ဆုံးမစာကဗျာများ၊ စကားမွန်ဆိုင်ရာ ကဗျာများ၊ ပန်းငှက်တောတောင်ရေမြေစသော သဘာဝအလှအပနှင့်ဆိုင်သောကဗျာများကို ခွဲခြား၍ စုဆောင်းပါဟူ၍ လမ်းညွှန်ဖူးသည်။
(က) နွေရာသီ လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ရော်ရီ၊ ဣန္နနိဝယ် သိဂီတစ်ဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသေား (ရှင်ဥတ္တမကျော် တောလား)
တပေါင်းငယ်မှညှာကျင်၊ နွေဦးဆန်းသစ်၊ ရွက်ရော်လှစ်လို့၊ ပုရစ်ကယ်ရွှေဥ၊ ပင်တိုင်းစုကြသည်၊ နုညိုစင်ငယ်တဲ့လေ (ဦးယာ)
(ခ) မိုးရာသီ ရစ်သိုင်းငယ်မှောင်၊ မကန်းစူကာနှေင်လို့၊ ရွာမယောင်မာန်ပျိုး၊ ကြွေးရင့်ငှက်သန်၊ နွေရက်ကယ်မိန်အကျန်မို့၊ အချိန်မတန်ရွာစေဖွဲ့တယ်၊ တင့်ရဲတဲ့မိုး (မြ၀တီမင်းကြီးဦးစ)
(ဂ) ဆောင်းရာသီ ငွေနှင်းငယ်မှုန်၊ လေညင်းရယ် တသုန်သုန်နှင့်၊ ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့၊ မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့၊ သည်ခေတ်မှာသည်လိုဟာဖြင့်၊ သည်ကိုယ်မှာ သေလုပါပေါ့။ ကမ္ဘာကို ဗြဟ္မာတို့ပြုခဲ့တယ်၊ ဆောင်းရတုပွဲ (အချုပ်တန်းဆရာဖေ)
(ဃ) ပန်းကဗျာ မြရွက်ဝေ၍၊ ပင်ခြေယှက်ထိုး၊ ခက်ချင်းမိုးသား၊ သာနိုးကံ့ကော်၊ စွယ်တော်မပီ၊ သရဖီလည်း၊ ကုံးသီမတတ်၊ ပင်လုံးညွှတ်လျက်၊ ဖက်ဆွတ်ဖက်သန်း၊ အနန်းသဇင်၊ ဂမုန်းအင်နှင့် (တွင်းသင်းမင်းကြီး)
(င) ငှက်ကဗျာ ဟင်္သာသောင်တင်း၊ ပိန်ညင်းစင်ရော်၊ တမာကြက်တော၊ ဥသြငှက်များ၊ ငှက်ငနွားလည်း၊ ၀ပ်တွားဘီလုံး၊ ရွှေလုံးချိုးခါ၊ သူတို့မှာမှု (ရှင်ဥတ္တမကျော်)
(စ) ဆယ့်နှစ်လရာသီပွဲတော် သင်္ကြန်တာကူး၊ နှစ်ဦးညောင်ရေ၊ စာပလွေခင်း၊ ပဉ္စင်းတော်ခံ၊ စာရေးတံနှင့်၊ မြစ်ယံပွဲကြီး၊ ဆီမီးထွန်းချိန်၊ ကထိန်နတ်ကျင်း၊ မြင်းခင်းထွက်ဝင်၊ သဘင်မီးပုံး၊ ဂူလုံးသဲပုံ၊ စေ့စုံစီလျဉ်၊ ဤသို့ယဉ်သား၊ လစဉ်အမြဲ၊ ဆယ့်နှစ်ပွဲ (လက်ဝဲသုန္နရ)
(ဆ) ဆယ့်နှစ်လရာသီပန်း ပန်းကံကော် ရွှေစကား၊ ငွေသားနုစံပယ်မှန်၊ မြတ်လေးခတ္တာနှင့်၊ ရွှေယင်းမာကြာခ၀ဲ၊ ဖွဲစနှင်းလျှံ၊ သဇင်ကျန်၊ ခွာတံပေါက်လဲ၊ ပွင့်ဝတ်ကယ် ရွှေဖီမင်း၊ သင်းထုံနံ့ကဲ (ကင်းဝန်မင်းကြီး)
(ဇ) သဘာဝအလှကဗျာ ကြွားကြွားစွင့်စွင့်၊ တိမ်မြင့်မြင့်နှင့်၊ လွင့်လွင့်ဝေေ၀၊ စုံခြေညို့ညို့၊ ရစ်သွယ်ဆို့လျက်၊ မို့မို့ရီရီ၊ ပတ်ဝန်းချီ၍ ကျူးသီငှက်ပေါင်း၊ ရင့်ကညောင်းလျှင် (ရတနာယဉ်နုပျို့)
(ဈ) မိဘဆိုင်ရာကဗျာ လက်သစ် တောင်တာ၊ ယူဇနပေါင်း၊ တာပြန်လောင်းသော်၊ ရှစ်သောင်းလေးထောင်၊ အမြင့်ဆောင်သား၊ တောင်မြင်းမိုရ်ယှိ၊ ဂုဏ်ကြီးဘိသည်၊ မိခင်ဖခင် ကျေးဇူးရှင် (လက်သစ်တောင်တာ ဆုံးမစာ)
(ည) ဆရာဆိုင်ရာကဗျာ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ၀မ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့ (မန်လည် ဆရာတော်)
(ဋ) ဆုံးမစာကဗျာများ ဟုတ်သောအကြံ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို၊ စွဲသုံးသောထွေ၊ မှန်လှစေ (ဂမ္ဘီသာရပျို့)
စာပေနှင့်ပတ်သက်သောအချက်များ
စာပေနှင့်ပတ်သက်သော အချက်အလက်များကိုစုဆောင်းရာတွင် ကဏ္ဍခွဲခြား၍ ရေးမှတ်စုဆောင်းခြင်းက ပိုကောင်းသည်၊ စာရေးသူသည် ယခုထက်တိုင်စာပေနှင့်ပတ်သက်သော အချက်အလက်များကို သီးသန့်မှတ်စုရေးမှတ်နေဆဲဖြစ်သည်။ စာပေနှင့်ဆိုင်သော ဝေါဟာရများ၊ ရသနှင့်အလင်္ကာ၊ စာပေနှင့်ဆိုင်သောစံချိန်များ၊ စာပေဆိုင်ရာ ဆိုရိုးစကားများ၊ စာရေးဆရာကြီးများ၏အဖြစ်အပျက်များ၊ စာအုပ်ပြပွဲများ၊ စာပေနှင့်ဆိုင်သော ပစ္စည်းကရိယာများ၊ စာပေသမိုင်း၊ စာအမျိုးမျိုး၊ စာပေဆိုင်ရာ အဖွဲ့အစည်းများ၊ စာပေဆုများ၊ စာပေဆိုင်ရာကဗျာများ၊ စာကြည့်တိုက်များအကြောင်း၊ စာအုပ်များအကြောင်း၊ စွယ်စုံကျမ်းများစာအုပ်များ၊ ပုံနှိပ်စက်နှင့် ပုံနှိပ်လုပ်ငန်းများ၊ စာနယ်ဇင်းများ၊ အဘိဓာန်စာအုပ်များ၊ ဘာသာစကားနှင့်ပတ်သက်သော အချက်များ၊ စာပေဟူသည်၊ စာအုပ်ဟူသည်၊ စာအုပ်မှုပိုင်ခွင့်၊ စာပေဟောပြောပွဲ၊ စာဆိုတော်နေ့စသော အချက်အလက်များကို စုဆောင်းရပါမည်။
စာရေးဆရာကြီးများ၏အတ္တုပ္ပတ္တိများ
မြန်မာစာပေမှ စာပေပညာရှင်များ၏အတ္တုပ္ပတ္တိများကို လေ့လာလိုပါက ဗိုလ်မှုးဘသောင်းခေါ် မောင်သုတ၏ စာဆိုတော်များအတ္တုပ္ပတ္တိ စာအုပ်မှာ စာပေ၀ါသနာရှင်းများ အမြဲလက်ကိုင်ထားရမည့် စာအုပ်ကောင်းတစ်ခုဖြစ်သည်။ ဆရာလှသမိန်၏ မြန်မာစာပေပညာရှင်များအတ္တုပ္ပတ္တိစာအုပ်သည်လည်း စာအုပ်ကောင်းပင်ဖြစ်သည်။ နိုင်ငံခြားစာရေးဆရာကြီးများ၏ အတ္တုပ္ပတ္တိများကို သီးခြားထုတ်ဝေသော အတ္တုပ္ပတ္တိစာအုပ်တွင်များတွင်လည်းကောင်း၊ စွယ်စုံကျမ်းစာအုပ်များတွင်လည်းကောင်း ရှာဖွေဖတ်ရှုလေ့လာနိုင်ပေသည်။
စာပေနှင့်ဆိုင်သောအဆိုအမိန့်များ
(၁) စာအုပ်မရှိသောအခန်းသည် ၀ိညာဉ်မရှိသော ခန္ဓာကိုယ်နှင့်တူသည်။ (ဆီဆာရို)
(၂) စာဖတ်ပြီးနောက် ဖတ်ပြီးသောစာကို ပြန်၍မစဉ်းစားခြင်းသည် အစာစားပြီးနောက် အစာမချေဘဲ ထားသည်နှင့် တူသည်။ (ဘတ်စ်)
(၃) စာတ်လျက် စာမဖတ်သော သူသည် ပြတင်းပေါက်ရှိလျက် ပိတ်ထားသော အိမ်နှင့်တူ၏။ (ဦးတင်ဆွေ)
(၄) ရေးသာခြင်းသည် တိကျစေသည်။ ဆွေးနွေးခြင်းသည် နိုးကြားအသင့် ရှိစေသည်။ စာဖတ်ခြင်းကပြည့်ဝစေသည်။ (ဖရန်ဆစ်ဘေကွန်)
(၅) လောက၌ခပ်သိမ်းကုန်သော အမွေတို့တွင် ပညာရှိအဆက်ဆက်တို့ထံမှ ရယူအပ်သော စာပေကျမ်းဂန်တည်းဟူသော အမွေသည် အကြီးဆုံးမြတ်ဆုံးပေတည်း။ (စံကင်းဆရာတော်)
(၆) စာအုပ်သည် လူသားတို့၏အနာဂတ်ကာလအသိဥာဏ် တိုးတက်မြင့်မားလာစေရေးတွင် အကြီးဆုံးသော အထောက်ကူပြုလက်နက်ကြီးပင်ဖြစ်တော့သည်။ (ဂေါ်ကီ)
(၇) သင်ကွယ်လွန်ပြီးသည်နှင့် လူတွေမေ့ပျောက်မသွားစေချင်လျှင် တန်ဖိုးရှိသော စာများကို ရေးပါ၊ သိုမဟုတ် တန်ဖိုးရှိစွာ ရေးသားခံရမည့်အလုပ်များကိုလုပ်ပါ။ (ဖရင်ကလင်)
(၈) စာမဖတ်သောသူများတွင် တွေးခေါ်စရာ ဘာမှမရှိနိုင်။ ပြောဆိုရန်စကားလည်း နည်းပါးလှ၏၊ (ဒေါက်တာဂျွန်ဆင်)
(၉) စာအုပ်များ စုဆောင်းသိုးမှီးထားရာ နေရာသည်သာ တကယ့်စစ်မှန်သော တက္ကသိုလ်ဖြစ်သည်။ (သောမတ်ကာလိုင်း)
(၁၀) စာရေးခြင်းဖြင့် တိုင်းပြည်နှင့်တကွ အများချမ်းသာအောင် ဆောင်ရွက်နိုင်သည်ဟု ကျွန်ုပ်မြဲမြံစွာယုံကြည်၏။ သို့ဖြင့်လည်း မိမိစွမ်းဆောင်သမျှ စာအုပ် ၁၀ အုပ်ခန့် ရေးထုတ်ခဲ့၏။ အသင့်အတင့်အကျိုးရှိသည်ကိုလည်း သိရ၏။ သို့ဖြင့် စာရေးအတတ်ဖွံ့ဖြိုးခြင်းကို အလိုရှိ၏။ (ဦးဖိုးကျား)
(၁၁) စာအုပ်သည် တမလွန်ဘ၀အထိ အကျိုးပြုနိုင်သော အဖိုးတန်အသက်သွေးကြောဖြစ်၏၊ (မီလ်တန်)
(၁၂) ဘ၀နှင့်ကင်းသော စာအုပ်များသည် အသုံးမ၀င်ကြပါ။ စာအုပ်ဟူသည် ဘ၀နေထိုင်ရေးအတတ်ပညာကို သင်ကြားပေးစွမ်းနိုင်ရမည်။ (ဂျွန်ဆင်)
(၁၃) ကိုယ်ပိုင်အရည်အချင်းရှိသော စာရေးဆရာများသည် လူမှုရေးအရ ကျော်ကြားမှုနောက်သို့ လိုက်ကြသောအခါ ၎င်းတို့အရည်အချင်းများ ပျက်စီးသွားလေ့ရှိ၏။ (ဗန်ဝစ်ဘရွစ်)
(၁၄) စာရေးဆရာသည် ရိုးသားဖြောင့်မတ်မှန်ကန်ခြင်းပေါ်တွင် ရပ်တည်၍အသက်ရှင်ရသည်။ (ဖရန့်နောရစ်)
(၁၅) အကောင်းဆုံးနှင့် ခွန်အား အရှိဆုံးစာရေးဟန်သည် ရိုးရိုးစင်းစင်း ရေးသားခြင်းပင်ဖြစ်သည်။ (ဟိုဒရေးစ်ဂရီးလေး)
(ဒေါက်တာလှဖေ ) သုတစွယ်စုံ မဂ္ဂဇင်း အမှတ်(၂၃၅) ၂၀၀၂ ဇွန်လမှ ကူးယူဖော်ပြသည်။

ကျွန်တော်နှင့် သိပ္ပံမှတ်စုများ - တာရာမင်းဝေ
၁။ ABSOLUTE ZERO - ပကတိသုည
ဆင်းရဲတဲ့လူ အများကြီးကို ကျွန်တော် မြင်ဖူးတယ်။ တချို့ကလည်း ခြူသံပါအောင် ညည်းတတ်ကြတယ်။ တချို့ကတော့ ခပ်မာမာပဲ။ “ဆင်းရဲသားမာန” နဲ့ပဲ ၀၀ဖြိုးဖြိုး နေထိုင်ကြတယ်။
အဆိုတစ်ခုရှိတယ်။ “လူတိုင်းဟာ မွေးကာစထက်တော့ ပိုချမ်းသာကြတယ်” တဲ့။ အဲဒါလည်း ဟုတ်တာပဲ။ လူက မွေးတုန်းက ဘာမှပါတာမှ မဟုတ်ဘဲ။ ဘာမှမရှိဘူး။ အခု အင်မတန် ဆင်းရဲနေပါတယ်ဆိုတဲ့ လူကလည်း မွေးစကထက်တော့ ချမ်းသာတယ်။ အနည်းဆုံး ခါးဝတ်တော့ရှိမယ်။ ဘာမှမရှိအောင် ဆင်းရဲတဲ့လူကို ကျွန်တော်တော့ မတွေ့ဖူးသေးဘူး။ အဲဒီလိုလူတွေကို ကျွန်တော်က “ပကတိသုည” လို့ နာမည်ပေးထားတယ်။ ဒါပေမယ့် “သုည” ဟာလည်း တကယ်တမ်း သုညပီသလာရင် ရေးပြစရာ သင်္ကေတ(၀)တောင် မရှိဘူးလေ။ အဲဒါဆိုရင် သူ့ကို ဘယ်လိုသိရမလဲ။
အဲဒီလိုမျိုးပဲပေါ့။ တကယ်ဆင်းရဲတဲ့ “ပကတိသုည” ဆင်းရဲသားကို ရှိနေရင်တောင် ကျွန်တော် တွေ့နိုင်ပါမလား။ စဉ်းစားစရာပဲ...။
*-*-*-*-*-*-*-*-*-
၂။ ACID RAIN - အက်ဆစ်မိုး
အက်ဆစ်မိုးတွေဟာ အင်မတန် ကြောက်စရာကောင်းတယ်လို့ ကျွန်တော့်ကို တင်နင်းလာတဲ့ ဆိုက်ကားသမားက ပြောတယ်။ ဆိုက်ကားစီးနေတဲ့ ကျွန်တော်က ထီးဆောင်းထားပေမယ့် ဆိုက်ကားနင်းနေတဲ့ သူကတော့ ဘာမှ ဆောင်းမထားဘူးလေ။ “မိုးမကြောက်ဘူးလား” လို့ ကျွန်တော်ကမေးတော့ “အက်ဆစ်မိုးမှ မဟုတ်တာပဲဗျာ” လို့ သူက ပြန်ဖြေတယ်။
*-*-*-*-*-*-*-*-
၃။ ANTIMATTER - ဆန့်ကျင်ဒြပ်
လောကကြီးမှာ ဒြပ်တွေရှိသတဲ့။ သူတို့ကို တိုးဝင်တိုက်ဖျက်တဲ့ ဆန့်ကျင်ဒြပ်တွေလည်း ရှိတယ်။ သူတို့ချင်းတွေ့ရင် ကြေပျက်သွားကြတယ်။ တစ်ခုကိုတစ်ခုက ချေမှုန်းပစ်တယ်။ ဒြပ်မှုန်တစ်ခုရယ်၊ ဆန့်ကျင်ဒြပ်မှုန်တစ်ခုရယ်ဟာ ခမ်းခမ်းနားနား ၀င်းဝင်းလက်လက်နဲ့ပဲ တိုက်ဖျက်ပျောက်ကွယ်သွားကြတယ်။
အာရုံထဲမှာ မြင်ကြည့်မိတယ်။ အတော်လှမှာပဲ။ ရှက်သလိုလည်း ခံစားရတယ်။ လူတွေနဲ့ ယှဉ်တွေးမိလို့ပါ။
လူ့လောကမှာလည်း လူတွေရယ်၊ ဆန့်ကျင်လူတွေရယ် ရှိတယ်။ ဆန့်ကျင်လူတွေက ဆန့်ကျင်ဒြပ်တွေလို မဟုတ်ဘူး။ စကားတွေ လျှောက်ပြောတယ်။ ဘယ်သူ့ကိုမှလည်း အကောင်းမမြင်ဘူး။ စိတ်ပျက်စရာကောင်းလှတဲ့ရုပ်၊ နာမ် အတွဲကြီးတွေပေါ့။
အဲဒီဆန့်ကျင်လူတွေဟာ အခွင့်အရေးရတာနဲ့ အချို့အချို့သော လူတွေကို ကိုက်စားဖျက်ဆီးနိုင်အောင် ကြိုးစားတယ်။ ဆန့်ကျင်ဒြပ်တွေလို ခမ်းနားဝင်းလက်စွာ တိုက်ခိုက်လာခြင်းမျိုး မဟုတ်ဘူး။ စုတ်ပြတ်မည်းမှောင်စွာ တိုက်ခိုက်တတ်ကြတယ်။
သူတို့ကို ကျွန်တော် မကြိုက်ဘူး။ ဒါပေမယ့် မောင်းထုတ်လို့လည်း မရဘူး။ ဘာမှ မတတ်နိုင်ဘူး။ “လူ” ရှိနေရင် သူတို့လည်း ရှိနေမှာပဲ။ သဘာဝပဲလေ...။
*-*-*-*-*-*-*-*-*-*
၎။ ARIMUTH - ကြယ်တာရာထောင့်ချိုး
လူရဲ့မြောက်ဘက်တည့်တည့်ကို မျဉ်းဖြောင့်တစ်ခု ဆွဲလိုက်။ ကြယ်ရဲ့အောက်တည့်တည့် အမှတ်ကိုယူ။ ပြီးတော့ လူနဲ့ဆက်လိုက်။ လူရဲ့တည်နေရာမှာ ထောင့်ချိုးတစ်ခု ဖြစ်လာမယ်။ ကျွန်တော်က ကြယ်ထောင့်ချိုးလို့ နာမည်ပေးထားတယ်။
အသေအချာ “တွက်” တာတော့ မဟုတ်ဘူးပေါ့။ ပျင်းတဲ့အခါ အိမ်ရှေ့လမ်းပေါ်ထွက်ပြီး ကျွန်တော် အဲဒီလို လုပ်ဖူးတယ်။ ကြယ်တွေ၊ သင်္ချာသဘောတရားတွေနဲ့ ဆက်ဆံလုပ်ကိုင်ရတာမို့ ကိုယ့်ကိုယ်ကိုယ် ကြီးမြတ်လာသလိုတောင် ခံစားရသေးတယ်။
ခင်ဗျားလည်း အားရင် လုပ်ကြည့်ပါလား....။
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
၅။ ARTIFICIAL INTELLIGENCE - ဉာဏ်တု
ဟိုနေ့က မဂ္ဂဇင်းတစ်အုပ်ထဲမှာ ဖတ်လိုက်ရတယ်။ ကွန်ပျူတာတွေမှာ “ဉာဏ်တု” ကို ထည့်တော့မယ်တဲ့။ စာအုပ်ကို ဘေးချပြီး ကျွန်တော် မျက်မှောင်ကြုတ် စဉ်းစားနေမိတယ်။ ကွန်ပျူတာနဲ့ပတ်သက်မှ “ဉာဏ်တု” ရှိလာတာ မဟုတ်ပါဘူး။ လူတွေမှာလည်း အစောကြီးကတည်းက “ဉာဏ်တု” ရှိတယ်။
တချို့လူတွေမှာ ရှိတဲ့ဉာဏ်က အစစ်မဟုတ်ဘူး။ မွေးရာပါ အတုကြီး။ သူတို့ဉာဏ်နဲ့သူတို့ ဘာမှမလုပ်နိုင်ဘူး။ သူများဉာဏ်နဲ့ ဖော်ထုတ်တားတာတွေကိုပဲ အတုခိုးပြီး လိုက်လုပ်နေရတယ်။
ကွန်ပျူတာကို “ဉာဏ်တု” တပ်ပေးတာ ကောင်း,မကောင်းတော့ ကျွန်တော် မပြောနိုင်ဘူး။ လူတွေမှာ ဉာဏ်တုရှိနေတာတော့ မကောင်းဘူး။
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
၆။ ASTEROID - မျက်နှာမွဲဂြိုဟ်
ဗေဒင်ဆရာကြီးက ပြောတယ်။ ကျွန်တော့်ဇာတာက ဂြိုဟ်စီး ဂြိုဟ်နင်း အရမ်းကောင်းတယ်တဲ့။ ခုထိတော့ ကိုယ့်ကိုယ်ကိုယ် အဆင်ပြေတယ်လို့ကို မထင်မိသေးဘူး။ အနှောင့်အယှက်၊ အပျက်အစီးတွေနဲ့ချည်းပဲ။
ဟိုတစ်နေ့ကမှ ရေဒီယိုနားထောင်ရင်း အတွေးတစ်ခုရတယ်။ ကျွန်တော့်ဇာတာမှာ “စီး” ထားတဲ့ ဂြိုဟ်တွေက မျက်နှာမွဲဂြိုဟ်တွေ ဖြစ်နေလို့နေမှာပေါ့။
ကြေကွဲရပါတယ်။
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
၇။ BIOSPHERE - ဇီ၀၀န်းကျင်
သက်ရှိ ဇီဝရုပ်တွေရဲ့ နေထိုင်ရာဝန်းကျင်ကို “ဘိုင်အိုစဖီးယား” လို့ ခေါ်တယ်တဲ့။ ကမ္ဘာကြီးထဲမှာ မြေ၊ ရေ၊ လေထုတွေ ရှိတယ်။ အဲဒါမျိုးပေါ့။ ဒါဆိုရင် လူတစ်ယောက်ရဲ့ ဇီ၀၀န်းကျင်ဟာ ဘာဖြစ်မလဲ။ ငွေ၊ ရိက္ခာ၊ ကျော်ကြားမှု၊ လိင်ကိစ္စ အဲဒါတွေလား။ ဒါမှမဟုတ် မေတ္တာ၊ မျှော်လင့်ချက်၊ ကိုယ်ချင်းစာတရား အဲဒါတွေလား။
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
၈။ BLACK HOLE - တွင်းနက်
ကျွန်တော့်မှာ မိတ်ဆွေတစ်ယောက် ရှိခဲ့ဖူးတယ်။ ဆင်းရဲတယ်။ တွင်းဆုံးကျနေပြီလို့ သူ့ကိုယ်သူ မကြာမကြာ ပြောလေ့ရှိတယ်။ နောက်တော့ သူ ချမ်းသာသွားပါတယ်။ ချမ်းသာဖို့အတွက်လည်း နည်းမျိုးစုံကို သူသုံးခဲ့တယ်။
ဒါပေမယ့် တစ်ခုတော့ရှိတယ်။
ဆင်းရဲသားဘ၀တုန်းကလို ကြည်လင်နွေးထွေးတဲ့ ရယ်သံမျိုးကို မရယ်နိုင်တော့ဘူး။ သောကတွေကို ငယ်ထိပ်မှာ ရွက်ထားရတယ်။ သူ့ဘာသာသူပဲသိတဲ့ ဒုက္ခတွေ အများကြီးနဲ့၊ ဘ၀သေနေလေရဲ့။
ဆင်းရဲသားဘ၀တုန်းကလိုပဲ သူ... တွင်းဆုံးကျပြန်တယ်။ နိမ့်ဝပ်တဲ့ မြေပြင်ကတွင်းတော့ မဟုတ်ဘူး။ မြင့်မားတဲ့ ကောင်းကင်ပေါ်ကတွင်း။
သူမို့လို့ Black Hole ထဲ ဆင်းသွားတယ်။
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
၉။ COMET - ကြယ်တံခွန်
Comet ဆိုတာ “ဂရိ” ဘာသာနဲ့တော့ “ဆံရှည်ကြယ်“ လို့ အဓိပ္ပါယ်ရသတဲ့။ သူတို့မှာ တိကျတဲ့ ပုံသဏ္ဍာန်ရှိတယ်။ ခေါင်းပိုင်း၊ အတွင်းပိုင်းနဲ့ အမြီးပိုင်းဆိုပြီး သုံးပိုင်းရှိတယ်။
တချို့တွေက “ကြယ်တံခွန်” ကိုတုပြီး “လူတံခွန်” ဖြစ်အောင် လုပ်ကြတယ်။ ဖြစ်သူတွေလည်းရှိရဲ့။ မဖြစ်သူတွေလည်း ရှိရဲ့။ ဖြစ်သူတွေကတော့ ရင်ကော့ပြီး လမ်းလျှောက်ထွက်လေ့ရှိတယ်။ “လူတံခွန်” မှန်းလည်း သိသာတယ်။ သူတို့မှာလည်း ဦးခေါင်းပိုင်း၊ အတွင်းပိုင်းနဲ့ အမြီးပိုင်းဆိုပြီး အပိုင်းသုံးပိုင်းရှိတယ်။
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
၁၀။ DECIBEL - အသံယူနစ်တစ်မျိုး
နေ့ရှိသရွေ့ ကျွန်တော်တို့ ကြားနာထုတ်လွှင့်နေရသမျှ အသံတွေကို ဒက်ဆီဘယ်လ်စနစ်နဲ့ တိုင်းတာရင် အောက်ပါအတိုင်း တွေ့ရတယ်တဲ့။
လေသံတိုးတိုးဖြင့်ပြောခြင်း 15 - 30 db
နာရီတစ်ချက်ချက်မြည်သံ 20 - 40 db
စကားစမြည်ပြောခြင်း 30 - 60 db
ဒစ္စကိုတေးသံ 105 - 115 db
မိုးခြိမ်းသံ 120 - 130 db
ပေါက်ကွဲသံ 120 - 140 db
ကျွန်တော်စဉ်းစားမိတယ်။ တချို့လူတွေရဲ့ အကြည့်တွေ၊ တချို့လူတွေရဲ့ မျက်နှာတွေမှာလည်း “အသံ” တွေ ပါလာတတ်တယ်။ အဲဒီအသံတွေကို ဘယ်လိုတိုင်းတာမလဲ။
(မိုးရာသီပတ်ပျိုး မှ)

စာပေ၊ စာပေဆုနဲ့ သိပ္ပံပညာတတ်မြောက်ရေး
စာပေ၊ စာပေဆုနဲ့ သိပ္ပံပညာတတ်မြောက်ရေး
ပညာဟူသည် မြတ်ရွှေအိုး၊ အလိမ္မာ စာမှာရှိတယ်ဆိုတာတွေကတော့ ပညာဟာ တန်ဖိုးအရှိဆုံး ဆည်းပူးဖို့ အလိုဆုံး ဒီပညာမျိုးကို စာဖတ်သူတွေ ရနိုင်တယ်ဆိုတာကို လှပလေးနက်တဲ့ စကားနဲ့ တန်ဆာဆင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ လူတွေက ဒီစကားတွေကို အမြဲပဲ ရည်ညွှန်း ဦးညွှတ်နေကြတာ။
အလိမ္မာဟာ စာမှာရှိတယ်ဆိုတော့ လူတွေစာဖတ်နိုင်လေ၊ ကောင်းလေပဲ။ ဒါကြောင့် တိုးတက်လိုလျှင် တဦးစီအတွက်ဖြစ်စေ၊ တိုင်းပြည်တပြည်လုံး အတွက်ဖြစ်စေ၊ လူတွေ စာများများဖတ်ရလိမ့်မယ်။ သူတို့ စာမဖတ်လျှင် ဖတ်အောင်လုပ်ပေးရလိမ့်မယ်။ ဒါကြောင့်လဲ စာဖတ်နိုင်နှုန်း (Literacy rate ) ဟာ တိုင်းပြည် တပြည်ရဲ့ ဖွံ့ဖြိုးမှုအဆင့်ကို ဖေါ်ညွှန်းတဲ့ ညွှန်းကိန်းလို့ သတ်မှတ်ခဲ့ရတာ။ ဒါပေမယ့်လဲ သိကြတဲ့အတိုင်း စာဖတ်တတ်ရုံနဲ့ အထက်က ဆိုခဲ့တဲ့ ပညာအဆင့်မျိုးကို မီမယ်မဟုတ်ပါဘူး။ လူတွေ ဘယ်လောက် စာဖတ်တယ် ဘာတွေဖတ်တယ်ဆိုတာကလဲ အရေးကြီးပါတယ်။
နောက် အထူးတလည် လိုအပ်ချက်ကတော့ သူတို့တတွေ
ဖဆပလခေတ် လူထုပညာယာဉ်
ဖတ်စရာလဲရှိဦးမှ၊ ဒီလိုဖတ်စရာတွေကလဲ လူတိုင်းလူတိုင်း တိုင်းပြည်တိုင်းရှိ လူတန်းစား အမျိုးမျိုးက လက်လှမ်းမီမှ ဖြစ်မယ်။ တကယ် ထိရောက်မှုက ဒါမှရှိတော့မှာ၊ မဟုတ်လျှင်တော့ လူနည်းစု စာပေပဲ ဖြစ်တော့မှာ။
စာဖတ်တယ်ဆိုတာ အပျင်းပြေဖတ်တာ၊ ပျော်ချင် စိတ်ဖြေချင်လို့ ဖတ်တာ၊ ဝါသနာပါ အကြောင်းမို့ ဖတ်တာတွေ များပါတယ်။ မြန်မာတွေဟာ စာဖတ်တာ ဝါသနာပါသူလို့ ထင်ရပါတယ်၊ ၂ဝဝ၅ ခုနှစ်မှာ လုံးချင်းစာအုပ်ပေါင်း ၇,ဝဝဝ ထုတ်ခဲ့တယ်လို့ သိရပါတယ်။ ကဏ္ဍခွဲပြီး ဘယ်အကြောင်းအရာတွေက ဘယ်လောက် ရှိတယ်လို့တော့ မသိရပါဘူး၊ ဥပမာ ဝတ္ထု၊ ကာတွန်း၊ ပညာပေး စတာဆိုတာ ဘယ်လာက် ပမာဏ ရှိတယ်ဆိုတာ မသိပါ။ ဘယ်သူတွေ ဘာစာမျိုးတွေ ဖတ်သလဲဆိုတာ ကိန်းဂဏန်း အထောက်အထားမျိုး မရှိသေးပါ။
အခုခေတ်ကတော့ အစစအရာရာမှာ ပညာကို အခြေခံပြီး လုပ်နေရတဲ့ခေတ် ဖြစ်ပါတယ်။ ဒီပညာတွေကလဲ တိုးပွားကြီးထွားနေလိုက်တာ များလွန်းလို့ အုံကြွပေါက်ကွဲ လုနီးပြီလို့ နှိုင်းပြောနေတဲ့ခေတ်ပါ။ စီးပွားရေးကိုတောင် ပညာအခြေခံစီးပွားရေး လို့ဆိုနေပါပြီ။ ဒီတော့ လူတွေ ကိုယ်ဖတ်ချင်ရာဖတ်တဲ့ အပျင်းပြေ စာပေဆိုပါတော့။ အပြင်ပညာရေး သက်သက်အတွက် ဖတ်စရာတွေလဲ လိုလာပါပြီ။ တောင့်တခြင်း၊ လိုချင်ခြင်း want နဲ့ လိုအပ်ချက် need လို့ ခွဲခြား စဉ်းစားထိုက်ပါတယ်။ မြန်မာဟာ ခေတ်မီတိုးတက်သော နိုင်ငံဖြစ်ချင်လျှင် မြန်မာတွေ ဘာစာတွေဖတ်သင့်သလဲ၊ ဒါကို အလေးအနက်ထား ပေးသင့်ပါတယ်။ ကမ္ဘာရှိ ဘယ်တိုင်းပြည်မဆို ဝါသနာစာ၊ အပျင်းပြေစာအပြင် ပညာတိုးတက်ဖို့အတွက် စာတွေကိုလဲ များများစားစား ဖတ်နေကြရပါတယ်။ ဒီလို ဖတ်စရာတွေကလဲ တနေ့တခြား တိုးပွားနေလို့ လှမ်းလို့မမီဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။
မြန်မာဟာ ခေတ်မီတိုးတက်သော နိုင်ငံဖြစ်ချင် လျှင် မြန်မာတွေ ဘာစာတွေဖတ်သင့်သလဲ၊ ဒါကို အလေးအနက်ထား ပေးသင့်ပါတယ်။ ကမ္ဘာရှိ ဘယ်တိုင်းပြည်မဆို ဝါသနာစာ၊ အပျင်းပြေစာအပြင် ပညာတိုးတက်ဖို့အတွက် စာတွေကိုလဲ များများစားစား ဖတ်နေကြရပါ တယ်။
မြန်မာတွေ အတွက်တော့ အများနဲ့ယှဉ်လိုက်လျှင် နောက်မကျန်စေခဲ့ဖို့အတွက် လုပ်ရမှာတွေ ဟာကွက်ဖြည့်ဖို့ လိုတာတွေရှိနေလို့ အထူးကြိုးစားကာမှ တော်ရုံ ကျတော့မယ်။ တတိုင်းပြည်လုံးရဲ့ ပညာတတ်မြောက်ရေး အဆင့် မြန်မြန်နဲ့ များများ မြှင့်တင်ပေးဖို့ရာဆိုတာက မြန်မာတွေ အတွက်မှာတော့ ခေတ်ရဲ့ တောင်းဆိုချက် တိုင်းပြည်ရဲ့ အရေးတကြီး လိုအပ်ချက်ဖြစ်နေပါပြီ။ လူထုကို ပညာပေးရာမှာ အထူး ထိရောက်စွာ အသုံးတော်ခံနိုင်တာက စာပေလောကပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့လဲ ဒီအရေးအခင်း (တိုင်းပြည်ရဲ့ ပညာအဆင့်မြှင့်တင်ရေး) မှာ စာပေလောကမှာ တာဝန်အများကြီး ကျနေရာက်တယ်လို့ ဆိုနိုင်ပါတယ်။
လောလောဆယ် အခြေအနေမှာဆိုလျှင် ဒီကိစ္စကို စာပေလောက,ကသာ ဦးဆောင်ဦးရွက် လုပ်ရမှာမို့ အရေးပါဆုံးကဏ္ဍဖြစ်တယ်လို့ ဆိုလျှင်လဲ မမှားပါဘူး။ အထူးသဖြင့် အားနည်းနေလို့ အင်တိုက်အားတိုက် အားပေးရန် လိုတာကတော့ သိပ္ပံနဲ့ နည်းပညာစာပေတွေဖြစ်ပါတယ်။ အခုလို ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ တိုးတက်မှုကို ရှာရာမှာ သိပ္ပံနည်းပညာကို ဦးထိပ်ထားရမှာသာ ဖြစ်တော့မယ်ဆိုတာက ဝေးဝေး ကြည့်နေစရာ မလိုပါဘူး။ မြန်မာပြည် တည်ရှိနေတဲ့ အာရှတိုက်နဲ့ အိမ်နီးနားချင်း နိုင်ငံတွေကို ကြည့်လိုက် ယှဉ်လိုက်လျှင် ကွင်းကွင်းကွက်ကွက် ပေါ်လာမှာဖြစ်ပါတယ်။
မြန်မာပြည်မှာ လက်ရှိ ထုတ်ဝေနေတဲ့ စာအုပ်တွေထဲက လူတွေတကယ်ဖတ်တဲ့ စာအုပ်တွေက သိပ္ပံပညာနဲ့ဆိုင်တာ ဘယ်လောက်ပါသလဲ၊ ထုတ်ဝေတဲ့ အပိုင်းမှာလဲ ဘယ်လောက် များသလဲ၊ လူတွေ သိပ္ပံ ပညာဆိုင်ရာကို မဖတ်လျှင် ဘာကြောင့် မဖတ်တာလဲ၊ ဒီမေးခွန်းတွေက ဒီပြဿနာရဲ့ ဖြစ်ရပ်မှန် အရှိတရားကို သိစေနိုင်မယ်။ တကယ်တော့ မြန်မာမှာ ကလေးသူငယ်ကအစ လူကြီးတွေ ဒီစာတွေ မဖတ်,ဖတ်လာအောင် လုပ်ပေးရလိမ့်မယ်။
လောလောဆယ်မှာ စာပေဆုတွေ ပိုတိုးပေးနေတာကတော့ ဝမ်းမြောက်စရာကောင်းပါတယ်။ ပညာနဲ့ စာကို အားပေးရာမှာ အစွမ်းရှိတဲ့ လုပ်ဆောင်ချက် တခုပါ။ ဆုလက်ခံရရှိသူအတွက်က ငွေကြေးထောက်ပံ့မှု ရတဲ့အပြင် ပိုပြီး အလေးထား တွယ်တာရတာကတော့ ကိုယ့်အလုပ်ကို အသိအမှတ်ပြုခြင်း ခံရတယ်ဆိုတဲ့ ကျေနပ်နှစ်သိမ့်မှုနဲ့ ချီးမြှင့်ခြင်းခံရတဲ့ ဂုဏ်သိက္ခာအတွက်လဲ နှစ်ထောင်းအားရ ဖြစ်ရခြင်း ဖြစ်ပါတယ်။ စာအုပ်ရဲ့ တန်ဖိုးနဲ့ အဆင့်ကိုလဲ မြှင့်တင်ပေးသလိုဖြစ်သွားတယ်။ သိပ္ပံ စာပေဆုအတွက်တော့ တိုင်းပြည်က အရေးတကြီး လိုအပ်နေတာကို ဖြည့်တင်းပေးရာကျလို့ အကျိုးသက်ရောက်မှုက ပိုတယ်လို့ ထင်ပါတယ်။
မေလ ၁ရက် ၂ဝဝ၇ ခုမှာ ပေးခဲ့တဲ့ သုတစွယ်စုံ စာပေဆုမှာ သိပ္ပံ၊ အသုံးချသိပ္ပံနဲ့ ရည်ညွန်းစာပေ ဆိုတာတွေဟာ သိပ္ပံစာပေတိုးတက်မှုကို အထူး အားပေးအသိအမှတ်ပြုတဲ့ဆုတွေလို့ ကျမမြင်ပါတယ်။ သိပ္ပံအကြောင်းနဲ့ သိပ္ပံနဲ့ နှီးနွယ်တဲ့ အရာတွေကို ရေးရာမှာဖြစ်စေ အခြား အခြားသော စိတ်ကူးမှ ထွက်လာတဲ့ စာပေမဟုတ်တဲ့ စာပေပြုစုရာမှာ ပညာရေးဆိုင်ရာ အဘိဓာန် ဝေါဟာရဘဏ်များ ရည်ညွှန်းစာများ အခြားမှတ်တမ်းမှတ်ရာများ ( records and documentations) ကို စနစ်တကျ ထားပေးတဲ့စာများ အထူးလိုပါတယ်။
မြန်မာလို အခြားဖွံ့ဖြိုးဆဲ နိုင်ငံတွေကို အမီလိုက်နေတဲ့ နိုင်ငံမှာတော့ လူတွေ သိပ္ပံပညာ မတတ်လို့ကတော့ တတိုင်းပြည်လုံးနဲ့ လူတဦးစီပါ သူများ အနှိမ်ခံရမယ့် ဘဝ ရောက်နိုင်ပါတယ်။
အထူးသဖြင့် ဘာသာပြန်သူတွေအတွက် အလွန်ကြီးမားတဲ့ အထောက်အကူ ဖြစ်ပါတယ်။ မရှိမဖြစ် လိုအပ်ချက် လို့တောင် ဆိုနိုင်ပါတယ်။ သိပ္ပံပညာကို ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် ဖြန့်ချိလိုလျှင် ဘာသာပြန်ကလဲ မဖြစ်မနေ များများ လုပ်ပေးရမှာပါ။ လူတိုင်းကိုယ်စီနဲ့ တတိုင်းပြည်လုံးအတွက် သိပ္ပံပညာတတ်မှု ဆိုတာက အလွန်တရာမှ အခရာကျလှတဲ့ လိုအပ်ချက် ဖြစ်နေပါပြီ။ ဒီလိုအပ်ချက်ကို တကမ္ဘာလုံးမှာလဲ သိရှိလာပြီဖြစ်လို့ ဒီအရေးကို ကျယ်ကျယ်ပြန့်ပြန့် ထိထိမိမိလုပ်ဖို့ကို စေ့ဆော် ဆော်သြ လုပ်နေကြပါပြီ။
အထူးသဖြင့် သင်ကြားရေးလောကမှာ ဒီအရေးအခင်းဟာ ထိပ်တန်းကိစ္စ ဖြစ်လာနေပါပြီ။ အခုလို ဂလိုဘယ်လိုက်ဇေးရှင်း အခါသမယမှာ ကမ္ဘာမှာ မှီတင်းနေထိုင်သူတဦးဟာ သိပ္ပံပညာတတ် (အခြေခံဖြစ်ဖြစ်) မဟုတ်လျှင်တော့ လူစဉ်မီမီနေနိုင်ဖို့ ခဲယဉ်းသွားပါပြီ။ အခုလို သိပ္ပံပညာ တဟုတ်ထိုး တိုးတက်နေတဲ့ အချိန်မှာ ကျောင်းက သင်လိုက်တဲ့ သိပ္ပံနဲ့လဲ မလုံလောက်တော့ပါဘူး။
ဖွံ့ဖြိုးပြီး နိုင်ငံများမှာဆိုလျှင် လူအများ သိပ္ပံပညာရေးဆိုတာကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်အတွင်းမှာ ဇောက်ချ လုပ်လာကြတယ်။ မြန်မာလို အခြားဖွံ့ဖြိုးဆဲ နိုင်ငံတွေကို အမီလိုက်နေတဲ့ နိုင်ငံမှာတော့ လူတွေ သိပ္ပံပညာ မတတ်လို့ကတော့ တတိုင်းပြည်လုံးနဲ့ လူတဦးစီပါ သူများအနှိမ်ခံရမယ့်ဘဝ ရောက်နိုင်ပါတယ်။ ဒါကြောင့်လည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လွန်ခဲ့တဲ့ ၁ဝနှစ်ကျော်လောက်ကစပြီး အားပေး မြေတောင်မြှောက်ပေးနေတာကတော့ လူထုအများ သိပ္ပံပညာကို နားလည်ရေး ဖြစ်တယ်။
ကမ္ဘာကျော် အောက်စဖို့ တက္ကသိုလ်မှာဆို ပါမောက္ခ အမှူးရှိတဲ့ (Chair in the Public Understanding of Science) ဆိုတဲ့ ဌာနက ၁၉၉၅ ခုနှစ်က စထူထောင်ခဲ့တယ်။ ပထမဦးဆုံးနဲ့ လက်ရှိ ဌာနမှူးကတော့ လူထုအတွင်း ရေပန်းစားပြီး အရောင်းရ ကောင်းလှတဲ့ သိပ္ပံစာအုပ်တွေရေးသူ Richard Dawkins ဖြစ်တယ်။ ဗြိတိန်က သြဇာ တိက္ကမကြီးလှတဲ့ တော်ဝင်အသင်း Royal Scociety ကလဲ သိပ္ပံပညာကို ရှေ့သို့ ပို့ပေးပြီး တိုးတက်လာအောင် လုပ်ပေးသူကို “Furtherance of Public Understanding of Science ”ဆိုပြီး အထူးဆု ပေးခဲ့တယ်။
ford
၁၉ဝ၇ ထုတ် ဖို့-မော်တော်ဋီကာ (Ye Myat Thu Facebook)
ဒီလိုပါပဲ၊ စာပေဆု ပေးတဲ့နာမည်ကျော်အဖွဲ့ဖြစ်တဲ့ Pulitzer Prize ကလဲ (non fiction) စိတ်ကူးစာပေမဟုတ်တဲ့ စာပေကဏ္ဍကနေ သိပ္ပံစာအုပ်ကို ဆုပေးတယ်။ Rhone-Polenc အဖွဲ့ကတော့ သိပ္ပံစာအုပ် “Science Book” ဆိုပြီး ဆုသပ်သပ်ပေးတယ်။ ဒါတွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ သိပ္ပံစာပေနယ်ပယ် ကြီးထွားထွန်းကားရန် လူထုအတွင်း သိပ္ပံပညာတိုးတက်ထွန်းကားရန် ရည်သန်ပြီး အားတက်သရော လုပ်နေကြတဲ့ Scientific Literacy အတွက် လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။
မြန်မာမှာလဲ ဒီလို အားပေးမှုတွေ လုပ်ရမယ်ဆိုတာတော့ သိသာ ထင်ရှားလှပါတယ်။ သူတို့ထက် ဆတက်ထမ်းပိုး ပိုလုပ်ဖို့သင့်တဲ့ အခြေအနေပါ။
မြန်မာနိုင်ငံမှာ သိပ္ပံပညာမြှင့်တင်ရေး (Scientific Literacy) အတွက်လုပ်ပေးနိုင်တာများကို ဆွေးနွေး တင်ပြလိုပါတယ်။
၁၊ သိပ္ပံဆိုင်ရာ စာပေများ များများ ထုတ်ပေးပါ။ လက်ရှိအခြေအနေကတော့ ထုတ်လုပ်မှုဟာ တိုင်းပြည်ရဲ့ တကယ်လိုနေတဲ့ အခြေအနေကို ထင်ဟပ်မှု မရှိပါဘူး၊ အလွန်တရာ အားနည်းနေပါသေးတယ်၊ အများကြီး ပိုထုတ်ဖို့ လိုပါတယ်။ ထုတ်လုပ်သူတွေအတွက် ကနဦးမှာ သိပ်တွက်ခြေမရှိတောင် စေတနာဝတ္တရားလို့ သဘောထားပြီး ကုသိုလ်ကောင်းမှု ယူလိုက်စမ်းပါလို့ တိုက်တွန်းချင်ပါတယ်။
၂၊ တိကျမှန်ကန်ပြီး အဆင့်ကောင်း အဆင့်မြင့်တဲ့ သိပ္ပံပညာ ဘာသာပြန်များ ထုတ်နိုင်ရေးကို အားပေး အကျိုးဆောင် လုပ်ပေးရမယ်။ သိပ္ပံဘာသာပြန်မှာ တိကျမှန်ကန်ပြီး မူလစာမူနဲ့ မလွဲမပြောင်းမှုက အခြား စာပေများဘာသာပြန်ရာမှာထက် အဆများစွာ ပိုအရေးကြီးပါတယ်။ ဒါကြောင့် ဒီအချက်ကို ပထမတန်း လိုအပ်ချက်လို့ သတ်မှတ်သင့်ပါတယ်။ fact အကြောင်းအရာလွဲမှားနေတဲ့ ဘာသာပြန်မျိုးကတော့ မထုတ်တာ ပိုကောင်းမယ်ထင်ပါတယ်။ မျှော်မှန်းတဲ့ ကောင်းကျိုးမရလာဘဲ ဆိုးကျိုးတောင် ပေးနိုင်ပါတယ်။
၃၊ စာပေဆုတွေမှာ သိပ္ပံကဏ္ဍအတွက် ဆုများပိုပေးသင့်ပါတယ်၊ အလားတူပဲ နည်းပညာကဏ္ဍ အတွက်လဲ ဆုတွေ အများအစား ရှိသင့်ပါတယ်။
သိပ္ပံဘာသာပြန်မှာ တိကျမှန်ကန်ပြီး မူလစာမူနဲ့ မလွဲမပြောင်းမှုက အခြား စာပေများ ဘာသာပြန်ရာမှာထက် အဆများစွာ ပိုအရေးကြီးပါတယ်။ ဒါကြောင့် ဒီအချက်ကို ပထမတန်း လိုအပ်ချက်လို့ သတ်မှတ် သင့်ပါတယ်။ ။
၎၊ အခြားသော နည်းများကိုလဲ သုံးရမှာဖြစ်ပါတယ်၊ ဥပမာ ပုံနှိပ်မီဒီယာမှအပ တီဗီ ဗီဒီယို စတဲ့ electronic မီဒီယာများကို တွင်တွင်ကျယ်ကျယ် သုံးပေးခြင်း၊ အရေးကြီးတာကတော့ ဘယ်လို မီဒီယာကိုသုံးသုံး ထိရောက်မှုသာ ပဓာနပါ။
လူငယ်တွေအတွင်း သိပ္ပံပညာကို အားပေးလိုလျှင် လုပ်နိုင်တာတခုကတော့ အခုတင်ပြပြီးဖြစ်တဲ့ တီဗွီမှာ အမေးအဖြေ Quiz အစီအစဉ်မှာ လူငယ်တွေအတွက် သိပ္ပံအမေးအဖြေ Science Quiz တွေ လုပ်ပေးနိုင်ပါတယ်၊ ဆုငွေ ကောင်းကောင်းပေးနိုင်လျှင် ဆွဲဆောင်မှုရှိမှာပါ။
ခေတ်မီသော နိုင်ငံတော်ကြီးဆိုတဲ့ ပန်းတိုင်ကို အမြန်အဆန်ရောက်အောင် ဒုန်းစိုင်းပြေးနေတဲ့ မြန်မာမှာ ဒီအရေးကို အခါမလင့်စေပဲ ဖြည့်ဆည်းပေးဖို့ အချိန်အခါ ရောက်နေပါပြီ နောက်တောင်ကျနေပါပြီလို့ ဆိုနိုင်ပါတယ်။ တိုင်းကျိုးပြည်ပြုပညာစာပေကဏ္ဍသစ်လို့ဆိုရမယ့် သိပ္ပံပညာအားပေး စာပေဟာ မြန်မာမှာ မြန်ဆန်စွာ ရှင်သန် ထွန်းကားလာပါစေလို့ ဆုတောင်းလျက်။
မြင့်မြင့်ခင်
၁-၆-၂ဝဝ၇၊ ရန်ကုန်
ရွက်နုဝေ ၂ဝဝ၇ သြဂုတ်
ဒေါက်တာမြင့်မြင့်ခင် | စနေနေ့၊ နိုဝင်ဘာလ ၂၀ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၃၂ မိနစ်
www.mizzimaburmese.com မှကူးယူဖော်ပြသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြင့်မှတ်တမ်း

၁။ မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြင့်တင်ရေး အကဲဖြတ်အဖွဲ့ကို ၁၉၅၂ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။
၂။ ၁၉၅၂ ခုနှစ်နှင့် ၁၉၅၃ ခုနှစ်တို့တွင် ရုပ်ရှင်ထူးချွန်ဆု (၃)မျိုးသာ သတ်မှတ်ချီးမြင့်ခဲ့သည်။
(က) ပထမ အကောင်းဆုံး ဇာတ်ကားဆု (ရွှေကန္နရီရုပ်)
(ခ) ဒုတိယ အကောင်းဆုံး ဇာတ်ကားဆု (ငွေဒေါင်းရုပ်)
(ဂ) တတိယ အကောင်းဆုံး ဇာတ်ကားဆု (ကြေးခြင်္သေ့ရုပ်)
(ဃ) အကောင်းဆုံး အမျိုးသားပညာသည်ဆု (ရွှေရင်ထိုး)
(င) အကောင်းဆုံး အမျိုးသမီး ပညာသည်ဆု (ရွှေရင်ထိုး)
၃။ ၁၉၅၄ ခုနှစ်တွင် ဒါရိုက်တာထူးချွန်ဆုကိုပါ တိုးမြင့်ချီးမြင့်ခဲ့သည်။
၎။ ၁၉၅၅ ခုနှစ်တွင် ဇာတ်ကားထူးချွန်ဆုကို ပထမ၊ ဒုတိယ၊ တတိယဆုဟူ၍ မခွဲ့ခြားတော့ဘဲ အကောင်းဆုံး ဇာတ်ကားတစ်ဆုတည်းကိုသာ ချီးမြင့်ခဲ့သည်။
၅။ ၁၉၅၆ ခုနှစ်တွင် ရုပ်ရှင်ဓာတ်ပုံ ထူးချွန်ဆု တစ်ဆုကိုပါ ထပ်မံတိုးမြင့်ခဲ့သည်။ ဆုပုံသဏ္ဌာန်ကိုလည်း ရွှေရင်ထိုးတံဆိပ်မှ ရွှေကန္နရီ ရွှေစင်ရုပ်သို့ စတင်ပြောင်းလဲ ချီးမြင့်ခဲ့သည်။
၆။ ၁၉၆၂ ခုနှစ်မှစ၍ အမျိုးသားပညာသည်ဆုနှင့် အမျိုးသမီးပညာသည်ဆုများကို အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီးဇာတ်ပို့ဆုဟူ၍ ထပ်မံခွဲခြားကာ ထူးချွန်ဆုအရေတွက်ကို တိုးမြင့် ချီးမြင့်ခဲ့သည်။
၇။ ၁၉၉၀-ပြည့်နှစ်မှမှစ၍ ရုပ်ရှင် ဇာတ်ညွန်းထူးချွန်ဆု၊ ရုပ်ရှင်တေးဂီတ ထူးချွန်ဆုနှင့် ရုပ်ရှင်အသံထူးချွန်ဆုတို့ကို ထပ်မံတိုးမြင့်သတ်မှတ်ခဲ့ရာ စုစုပေါင်း မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (၁၀)မျိုးအထိ ချီးမြင့်ရန် တိုးမြင့်သတ်မှတ်ခဲ့သည်။
၈။ ၁၉၉၁ ခုနှစ်မှစ၍ ရွှေကန္နရီရွှေစင်ရုပ်ဆုအပြင် ငွေကျပ် နှစ်သောင်းကို ချီးမြင့်ခဲ့သည်။
၉။ ၁၉၉၃ ခုနှစ်မှစ၍ ငွေသား ကျပ် နှစ်သောင်းကို ချီးမြင့်ခြင်းမပြုတော့ဘဲ ရွေကန္နရီရုပ်တွင် တပ်ဆင်ထားသော ငွေကြယ်အစား ရွှေသားအစစ်ဖြင့်ပြုလုပ်ထားသော ရွှေကြယ်တပ်ဆင် ချီးမြင့်ခဲ့သည်။
၁၀။ ၁၉၉၄ ခုနှစ်မှစ၍ ရုပ်ရှင်တည်းဖြတ်ဆုကို ထပ်မံတိုးမြင့် သတ်မှတ်ခဲ့ရာ စုစုပေါင်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (၁၁) မျိုးအထိ ချီးမြင့်ရန် တိုးမြင့်သတ်မှတ်ခဲ့သည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (၁၁) မျိုးစာရင်းမှာ
၁။ ဇာတ်ကားဆု
၂။ ဒါရိုက်တာဆု
၃။ အမျိုးသား ဇာတ်ဆောင်ဆု
၎။ အမျိုးသမီး ဇာတ်ဆောင်ဆု
၅။ အမျိုးသား ဇာတ်ပို့ဆု
၆။ အမျိုးသမီး ဇာတ်ပို့ဆု
၇။ ရုပ်ရှင်ဓာတ်ပုံဆု
၈။ ရုပ်ရှင်ဇာတ်ညွှန်းဆု
၉။ ရုပ်ရှင်တေးဂီတဆု
၁၀။ ရုပ်ရှင်အသံဆု
၁၀။ ရုပ်ရှင်တည်းဖြတ်ဆု
စံချိန်စံညွှန်းမီလျှင် အဲသည့်ဆု (၁၁) ဆု ပေးမည်ဟူ၍ သတ်မှတ်ထားသည်။

စာရေးဆရာများ၏ ဟာသ အဆိုများ
ပထမစာကြောင်းကို ကျွန်တော် ကောင်းကောင်း ရေးနိုင်တယ်။
ကျန်တာတွေကျတော့ ပြဿနာတတ်တယ်။ (Moliere)
Bacon က အတွေးအခေါ်ကို ကျစ်ကျစ်လျစ်လျစ်နဲ့ ဖော်ပြနိုင်စွမ်းရှိတယ်။ (Lord Macaulay)
ကြံတိုင်းအောင်သည် ဖြစ်စေ၊ ရှိက်စပီးယား နေရာကို မှန်း၊ ကျန်တာက ကံတရားကို လွှဲ။ (Robert Browning)
ကျုပ်က ထိုင်လျက် အလုပ်လုပ်တဲ့နေရာမှာ တော်တယ်။ (Robert Browning)
ကျွန်တော့်ကို လျစ်လျူပြုတာထက် ဝေဖန်တာကို ပိုသဘောကျတယ်။ စာရေးဆရာတစ်ဦး အတွက် အဆိုးဆုံးက သူ့လက်ရာတွေ အပေါ် တုဏိဘာဝေ ဘာမှမပြောမဆိုတာပဲ။ (Dr.Samuel Johnson)
စာအုပ်ထဲမှာ ဘာပါပါ မပါပါ၊ စာအုပ်ပေါ်မှာ ကိုယ့်နာမည် တွေ့လိုက်ရရင် ကျေနပ်သွားတာပဲ။ (Lord Byron)
စာမရေးဘဲ အကြာကြီးနေတာ စာရေးဆရာအတွက် အန္တရာယ်ရှိတယ်၊ ကြက်တောင်ကို ဟိုပို့ဒီပို့ လုပ်မနေရင် မြေပေါ်ကျသွားတဲ့ သဘောပဲ။ (Dr. Samuel Johnson)
ခင်ဗျားရဲ့ စာမှုကြမ်းဟာ ကောင်းလည်း ကောင်းတယ်၊ ခင်ဗျားရဲ့ မှုရင်းလည်း ဖြစ်တယ်၊ ဒါပေမယ့် ကောင်းတဲ့ အပိုင်းက ခင်ဗျားရဲ့ မှုရင်းမဟုတ်ဘူး၊ ပြီးတော့ ခင်ဗျားရဲ့ မှုရင်းပိုင်းက မကောင်းဘူး။ (Dr. Samuel Johnson)
စာရေးဆရာ ဘ၀ဟာ အင်မတန် နာကြည်းစရာကောင်းပါတယ်။ စာရေးတော်သူတွေဟာ အမြဲတမ်း ဆင်းရဲပြီး အမုန်းခံရပါတယ်။ စာရေး မတော်သူတွေကတော့ အထင်ကြီးခံရပြီး ပိုက်ဆံ ချမ်းသာသွားတယ်။ (Hilaire Belloc)
လာဘ်ထိုးဖို့လည်း ပိုက်ဆံမရှိ၊ တောင်းပန်တိုးလျှိုးဖို့လည်း မာနတစ်ခွဲသား၊ အဲဒါ ကျုပ်အပါအ၀င် စာရေးဆရာတွေရဲ့အမွဲဖော်ဆေးပဲ။ (Thomas Gray)
စာရေးဆရာတွေဆီမှာ အလှကို ဖန်တီးဖို့စိတ် ရှားပါးတယ်။ ဦးဆုံးကတော့ ငွေမက်တာပဲ၊ ငွေပြီးတော့ ကျော်ကြားချင်တဲ့စိတ်ပဲ။ (H.L.Mencken)
နံနက်က ပုဒ်မငယ်တစ်ခု ဖြုတ်လိုက်ပြီး ညနေကျတော့ ပြန်ထည့်လိုက်တယ်။ (Oscar Wilde)
စာရေးဆရာပေါက်စ ပထမဦးဆုံး ပုံနှိပ်စာကြမ်းကို ဖတ်ရတဲ့နေ့မှာ ၀က်သက် စပေါက်တဲ့ ကျောင်းသားကလေးလိုပဲ မြူးနေတယ်။
(Sir James Barrie)
စာ စရေးသူတွေဟာ စာသံပေသံ သိပ်ပါချင်ကြတယ်။ စာရေးရင့်ကျက်သူတွေကတော့ စာသံပေသံကို ဖြုတ်ဖို့အမြဲ ကြိုးစားနေတယ်။ (George Bernard Shaw)
စာရေးဆရာတွေဟာ ဘ၀မှာ မအောင်မြင်တဲ့သူတွေပဲ။ အထူးသဖြင့် သူတို့ထဲက အတော်ဆုံးတွေ။ (Sir James Barrie)
စာရေးဆရာရဲ့ အချိန် အများအားဖြင့်ဟာ စာဖတ်ခြင်းမှာကုန်တယ်။ စာအုပ် တစ်အုပ်ရေးဖို့ စာကြည့်တိုက် ထက်ဝက်လောက်ကို လှန်လှောရတယ်။ (Dr.Samuel Johnson)
စာရေးဆရာရဲ့ကရိယာထဲမှာ ရိုင်းစိုင်းမှုလည်း ပါတယ်။ ဆပ်ကပ်ပွဲမှာ တစ်ခါတလေ လူပျက်ဟာ အကောင်းဆုံးမဟုတ်လား။ (GBS)
စာမှုခက လက်ဆောင်ပေးရတဲ့ စာအုပ်တွေ တန်ဖိုးကိုကာမိတဲ့ စာအုပ်တစ်အုပ်လောက် ရေးကြည့်ချင်တယ်။ (Clarence Darow)
စာပေဝေဖန်သူတွေဟာ မဖတ်ရသေးတဲ့ စာအုပ်တွေကို ကဲ့ရဲ့တာ၊ စိတ်ရှုးပေါက်လို့လား၊ မနာလိုလို့လား၊ နာကြည်းလို့လား။ ( Charles Churchill)
ထုတ်ဝေသူအများအပြားက ပယ်လိုက်ပြီးတဲ့နောက် နောင်လာနောက်သားတွေအတွက်ပဲ ရေးတော့မယ်လို့ သူ စိပ်ပိုင်းဖြတ်လိုက်တယ်။ (Geroge Ade)
ဥာဏ်ထွက်မလားဆိုပြီး ခေါင်းကိုထုတယ်၊ အထဲမှာ ဘာမှမရှိလို့ ထင်ပါရဲ့၊ ပြန်မထူးဘူး။ (Alexnder Pope)
စာရေးဆရာတွေဟာ နောက်တမလွန်ဘ၀မှာ ဘယ်ငရဲမှ မကြောက်တော့ဘူး။ ဒီဘ၀မှာ သူတို့ခမျာ ဝေဖန်သူတွေနဲ့ စာအုပ် ထုတ်ဝေသူတွေဒဏ် ခံလိုက်ရဖူးလို့။ (C.N.Bovee)
သူ့စာအုပ်တွေ အကြောင်းပဲ ပြောနေတဲ့ စာရေးဆရာဟာ သူ့ကလေးတွေ အကြောင်းပဲ ပြောနေတဲ့ အမေနဲ့ဘာထူးသလဲ။ (Benjamin Disraeli)
ထုတ်ဝေသူ အတွက် ဘယ်စာရေးဆရာမှ ဦးနှေက်ရှင်မဟုတ်ဘူး။ (Heinrich Heine)
ကျွန်တော့် ရောဂါကတော့ စာအုပ်တွေရေးပြီး ရေးမိတာရှက်တဲ့ ရောဂါပဲ။ (Charies de Montesquieu)
မကြိုးစာပဲ ရေးသားတာကို စာဖတ်သူတို့က မနှက်သက်။ (Dr.Samuel Johnson)
တစ်ခုခုအကြောင်း ကောင်းကောင်းသိချင်ရင် အဲဒီအကြောင်း စာအုပ်တစ်အုပ်ရေး။ (Benjamin Franklin)
သူ့စာအုပ်ရဲ့ ပထမပုံနှိပ်ခြင်းက ထွက်ခဲတယ်၊ ဒုတိယပုံနှိပ်ခြင်းဆို ပိုရှားမယ်။ (F.P Adams)
စာရေးဆရာတွေမှာ ရောဂါနှစ်ခု စွဲကပ်နိုင်တယ်။ လက်ညောင်းတာရယ် ဘ၀င်မြင့်တာရယ်။ (Coulson Kernahan)
Wednesday, November 3, 2010
ကြိုးစင်
အနက်ရောင် ပ၀ါချုံပြီး
ငါ့ စိတ်ဓာတ်တွေ
ကြိုးစင်တက်တဲ့နေ့
ကမ္ဘာမြေတစ်ခွင်
မျက်ရည်မိုးတို့နဲ့ မဲမှောင်လို့ပေါ့
ဝုန်းကနဲ ဆင်းသွားတဲ့
ခလုတ်မောင်းတစ်ခုကြောင့်
ငါ...ဘာဖြစ်သွားလဲ.......
ငါ..ဘာတွေဖြစ်သွားလဲ..........
ကိုယ့်ကိုကိုယ် မသိလိုက်ခင်မှာပဲ
ငါဟာ မှောင်မိုက်တဲ့
ကမ္ဘာကြီးထဲ ရောက်သွားတယ်...........
ငါ့ စိတ်ဓာတ်တွေ
ကြိုးစင်တက်တဲ့နေ့
ကမ္ဘာမြေတစ်ခွင်
မျက်ရည်မိုးတို့နဲ့ မဲမှောင်လို့ပေါ့
ဝုန်းကနဲ ဆင်းသွားတဲ့
ခလုတ်မောင်းတစ်ခုကြောင့်
ငါ...ဘာဖြစ်သွားလဲ.......
ငါ..ဘာတွေဖြစ်သွားလဲ..........
ကိုယ့်ကိုကိုယ် မသိလိုက်ခင်မှာပဲ
ငါဟာ မှောင်မိုက်တဲ့
ကမ္ဘာကြီးထဲ ရောက်သွားတယ်...........
လူငယ်ဘဝ
ကြယ်တွေ ကြွေတဲ့ညပေါ့
မျက်ရည်တွဲလွဲ ကလေးတစ်ယောက်
ပင်လယ်ပြင်ရဲ့ ရိုက်ခတ်မှု့တွေ
ငေးကြည့်ရင်း
အနာဂတ်တွေ မီးမြိုက်
လူငယ်တစ်ယောက်
ဒုက္ခပင်လယ်ပေါ် စီးမျောရင်း
ကကြိုးတွေလွဲ
လေနီကြမ်းတွေ တိုက်ခတ်ချိန်မှာ
စိတ်ဓာတ်တွေ ဖုန်ကပ်ခံရတယ်
မျက်ရည်တွဲလွဲ ကလေးတစ်ယောက်
ပင်လယ်ပြင်ရဲ့ ရိုက်ခတ်မှု့တွေ
ငေးကြည့်ရင်း
အနာဂတ်တွေ မီးမြိုက်
လူငယ်တစ်ယောက်
ဒုက္ခပင်လယ်ပေါ် စီးမျောရင်း
ကကြိုးတွေလွဲ
လေနီကြမ်းတွေ တိုက်ခတ်ချိန်မှာ
စိတ်ဓာတ်တွေ ဖုန်ကပ်ခံရတယ်
ငှက်များ၏ တောင်ပံ
တောအုပ်တစ်ခုကို
အစဉ်တစိုက်ဖြတ်ကျော်ခဲ့
ပင်လယ်တစ်စင်းရဲ့ မာယာ
ကြယ်ကြွေချိန် သံစဉ်နဲ့
ငိုရှိက်သံတွေအတွက်
ကောက်ကြောင်းမဲ့ ဒဏ်ရာတွေနဲ့
အရာရာဟာ မီးခိုးငွေ့တွေဖြစ်လို့
ကြယ်စင်ကြွေချိန်အတွက်
မိုးမျှော်အိပ်မက်တို့ မလိုဘူး.....
အစဉ်တစိုက်ဖြတ်ကျော်ခဲ့
ပင်လယ်တစ်စင်းရဲ့ မာယာ
ကြယ်ကြွေချိန် သံစဉ်နဲ့
ငိုရှိက်သံတွေအတွက်
ကောက်ကြောင်းမဲ့ ဒဏ်ရာတွေနဲ့
အရာရာဟာ မီးခိုးငွေ့တွေဖြစ်လို့
ကြယ်စင်ကြွေချိန်အတွက်
မိုးမျှော်အိပ်မက်တို့ မလိုဘူး.....
အတ္တ
မရေရာ မသေချာ
စိတ်ကူးတို့ ခြစား
ကံကြမ္မာဆိုးတို့ မွှေနောက်
ဓားဆိုးတို့ ခုတ်ထစ်မှတော့
မှောင်တစ်ဝက် လင်းတစ်ဝက်
အလင်းနှစ်တွေထဲ
ခေါက်ရိုးကျိုးရင်း
အသံတွေ နားထောင်ရင်းနဲ့
အတွယ်အတာမဲ့မှုတွေပဲ
လိုအပ်တယ်……..
မုသာဝါဒအပြုံးတို့ ပြုံးတတ်ခဲ့တာ
မုသာဝါဒစကားတို့ သုံးတတ်ခဲ့တာ
မျက်နှာဖုံးစွပ် ဆက်ဆံရေးတွေနဲ့
လူ့လောကကို ဖြတ်သန်းခဲ့တာ
ဟန်ချက်မညီ လူ့လောကကြောင့်ပဲ
ဟန်ဆောင်မှု အကောင်းဆုံးနဲ့
ငါ့ ဘ၀ကို ဖြတ်သန်းခဲ့တာ
အတ္တတချို့ပဲ
စုံစုံမက်မက် ကျန်ခဲ့တယ်…..
စိတ်ကူးတို့ ခြစား
ကံကြမ္မာဆိုးတို့ မွှေနောက်
ဓားဆိုးတို့ ခုတ်ထစ်မှတော့
မှောင်တစ်ဝက် လင်းတစ်ဝက်
အလင်းနှစ်တွေထဲ
ခေါက်ရိုးကျိုးရင်း
အသံတွေ နားထောင်ရင်းနဲ့
အတွယ်အတာမဲ့မှုတွေပဲ
လိုအပ်တယ်……..
မုသာဝါဒအပြုံးတို့ ပြုံးတတ်ခဲ့တာ
မုသာဝါဒစကားတို့ သုံးတတ်ခဲ့တာ
မျက်နှာဖုံးစွပ် ဆက်ဆံရေးတွေနဲ့
လူ့လောကကို ဖြတ်သန်းခဲ့တာ
ဟန်ချက်မညီ လူ့လောကကြောင့်ပဲ
ဟန်ဆောင်မှု အကောင်းဆုံးနဲ့
ငါ့ ဘ၀ကို ဖြတ်သန်းခဲ့တာ
အတ္တတချို့ပဲ
စုံစုံမက်မက် ကျန်ခဲ့တယ်…..
အတိတ်က အလင်းတချို့
အလင်းနဲ့ မိုးပွင့်တို့
ပျောက်ဆုံးလွင့်ပါးခဲ့တဲ့
အတိတ်နေ့ရက်များ
အလင်းတစ်ပေါက် နှစ်ပေါက်
ရွာသွန်းခဲ့တယ်
ဘ၀င်လေဟပ် စိတ်ကူးနဲ့
တစ်ပိုင်းတစ်စ ပြိုဆင်းလာတဲ့
ရင်းတွင်းခံစားချက်တွေကို
ကဗျာတွေနဲ့ချယ်မှုန်း
အရောင်မဲ့ သတိရခြင်းတွေနဲ့
စကားလုံးတို့ ကခုန်ခဲ့တယ်
တစ်ပုဒ်မှာ တစ်ကြောင်းကောင်းရုံနဲ့
လူ့လောက မဖြစ်လာနိုင်ဘူး……
ပျောက်ဆုံးလွင့်ပါးခဲ့တဲ့
အတိတ်နေ့ရက်များ
အလင်းတစ်ပေါက် နှစ်ပေါက်
ရွာသွန်းခဲ့တယ်
ဘ၀င်လေဟပ် စိတ်ကူးနဲ့
တစ်ပိုင်းတစ်စ ပြိုဆင်းလာတဲ့
ရင်းတွင်းခံစားချက်တွေကို
ကဗျာတွေနဲ့ချယ်မှုန်း
အရောင်မဲ့ သတိရခြင်းတွေနဲ့
စကားလုံးတို့ ကခုန်ခဲ့တယ်
တစ်ပုဒ်မှာ တစ်ကြောင်းကောင်းရုံနဲ့
လူ့လောက မဖြစ်လာနိုင်ဘူး……
အချစ်ကဘာမှအရေးမကြီးဘူး
အလွမ်းတွေ ပြန့်ကျဲနေတဲ့
အခန်းငယ်ထဲ
ဒဏ်ရာ ဒဏ်ချက် အပြည့်အစုံနဲ့
ငါ့ ၀ိညာဉ် လဲလျောင်းနေတယ်
ကြေမွသွားတဲ့
မျှော်လင့်ချက်တွေဟာ
ငါ့ အတွက် နိဂုံးလား
အိပ်မက်တွေ အရောင်လွင့်ပြယ်နေပေမဲ့
ငါ့ချစ်ခြင်းတွေက
ရွှေဝါရောင်မီးတောက်တစ်ခုအဖြစ်
တည်ရှိနေဆဲပါ
မင်းကိုးကွယ်လိုက်တဲ့
ဒုတိယ ဘုရားသခင်ဟာ
မင်း ဘ၀အတွက်
ပျော်ရွှင်မူတွေ ဆောင်ကျဉ်းပေးလိမ့်မယ်လို့
ငါ မျှော်လင့်တယ်
ငါ အတွက်တော့
အလွမ်းခါးခါးတစ်ခွက်နဲ့
ယခုမှ နှက်နှက်ကာကာ
ခံစားရတဲ့
လေးဖြူရဲ့သီချင်းတစ်ပုဒ်ကို
ငါ့ရဲ့အခန်းငယ်ထဲ ခံစားနေလိုက်မယ်
အချစ်ကဘာမှအရေးမကြီးဘူးလို့

ဘ၀ အပိုင်းအစများ
ခပ်နွမ်းနွမ်း ဘ၀တစ်ခု
ပြတင်းပေါက် တစ်ချပ်စာ
ရာသီတွေ ဖြတ်သန်းရင်း
မှိုချိုးမျှစ်ချိုး စကားလုံးတို့ကာကွယ်ရင်း
တလိမ့်ခေါက်ကွေး ချောက်ချားခဲ့တယ်
သင်းပျပျရနံ့တွေရူရိုက်
ခပ်ဝေးဝေးက
တောင်တန်းတွေ ငေးကြည့်ရင်း
ကပေကရေ ဘ၀တစ်ခုလုံး
ခပ်နွမ်းနွမ်းဆုပ်ချေမိတယ်
နှလုံးသားလည်းခေါင်းဖြူစွယ်ကျိုးခဲ့ပြီ…..

မထူးဆန်းဘူး
ရနံ့ပေါင်းများစွာနဲ့အတူ
မျက်ရည်မိုးတို့ ရွာသွန်းခဲ့ဖူးတယ်
ရနံ့ပေါင်းများစွာနဲ့အတူ
မျှော်လင့်ချက်တွေ တောက်ပခဲ့ဖူးတယ်
စကားလုံးတို့တူးဆွ
ခံစားချက်တွေ ထွန်ယက်
ဒုက္ခသီးတွေစားသုံးပြီး
လူ့ဘ၀ကိုခရီးဆက်
အားလုံးကိုချုပ်ကြည့်ရင်
ဘာမှ မထူးဆန်းဘူး
ဘာမှ မရေရာဘူး
ဟောင်းနွမ်းတဲ့ ပုံသေနည်းတွေနဲ့
ဘ၀ကို မတွက်ချက်ချင်တော့ဘူး
လူ့လောကကို ကန့်လန့်ကာချပြီး
ဘ၀ကို နိုးတစ်ဝက်အိပ်မက်တွေ
ဆက်မက်နေလိုက်မယ်
မျက်ရည်မိုးတို့ ရွာသွန်းခဲ့ဖူးတယ်
ရနံ့ပေါင်းများစွာနဲ့အတူ
မျှော်လင့်ချက်တွေ တောက်ပခဲ့ဖူးတယ်
စကားလုံးတို့တူးဆွ
ခံစားချက်တွေ ထွန်ယက်
ဒုက္ခသီးတွေစားသုံးပြီး
လူ့ဘ၀ကိုခရီးဆက်
အားလုံးကိုချုပ်ကြည့်ရင်
ဘာမှ မထူးဆန်းဘူး
ဘာမှ မရေရာဘူး
ဟောင်းနွမ်းတဲ့ ပုံသေနည်းတွေနဲ့
ဘ၀ကို မတွက်ချက်ချင်တော့ဘူး
လူ့လောကကို ကန့်လန့်ကာချပြီး
ဘ၀ကို နိုးတစ်ဝက်အိပ်မက်တွေ
ဆက်မက်နေလိုက်မယ်
အ၀ါရောင်ဘော်သီးတစ်လုံး
ရေခဲစိမ် စကားလုံးတွေ
မျက်နှာဖုံးစွပ်ပြီး လာမပြောနဲ့
နား စနုတ်ဖြစ်တယ်
ဘယ်သူ့ကိုမှ
အပြာသီးဝင်အောင် မလုပ်ခဲ့ဘူး
အနီသီးလည်း ထုပ်မပြခဲ့ဘူး
အစိမ်းသီးနဲ့လည်း မရင်းနှီးခဲ့ဘူး
ဘ၀မှာ အမှတ်များများရဖို့အတွက်
အနက်ရောင်အသီးတွေကိုပဲ
ရွေးချယ်စားသုံးခဲ့တယ်
အနာဂတ်ဟာ
အ၀ါရောင်ဘောသီးတစ်လုံးဖြစ်မယ်ဆိုရင်
အမှတ်များများလည်း မလိုချင်တော့ဘူး….
နား စနုတ်လည်း မခံချင်တော့ဘူး…
နာရီတွေ ငါ့ကို ကစားခဲ့တာ
နှစ်နှစ်ဆယ် ကျော်ခဲ့ပြီ…..
အခုချိန်ထိ ဘ၀ဟာ
စိတ်စနုတ်တွေနဲ့
ဟိုဘောင် ထိလိုက် ဒီဘောင် ထိလိုက်နဲ့
အရောင်တွေလွင့်ခဲ့……
ဘောင်တွေကျော်ခဲ့…….
ငါ့ရဲ့ အရှင်သခင် ငါဟာလည်း လက်ရည်ညံ့ဖျင်းဆဲ
ငါ့ရဲ့ ကျေးကျွန်း ငါဟာလည်း……………..
ဒါပေမယ့်…
ဘ၀ဟာ…
အ၀ါရောင်ဘော်သီးတစ်လုံးသာဖြစ်ခဲ့မယ်ဆိုရင်…….

တေလေငှက်များ
တေလေများ အုပ်စုဖွဲ့ပျံသန်းရင်းနဲ့
အလင်းတို့ ပိန်းပိန်းမှောင်ခဲ့
ညစဉ်ရက်ဆက်
ယမကာတစ်လှည့် အ၀ါရောင်တစ်လှည့်နဲ့
အဿပြာတို့ စုန်းစုန်းမြုပ်ခဲ့
ကြောင်တိကြောင်ကျား ညတွေမှာ
ကြယ်စင်တွေကလည်း စီစီဝေလျှက်
မှုန်ဝါးဝါး အလင်းပြောက်တွေထဲ
စိမ့်ဝင်ပျော်ပိုက်လို့
ဖြူမယောင်နဲ့ နှက်ခဲ့တဲ့ဘ၀တွေလည်း
ဂုဏ်ယူဝင့်ကြွားခဲ့တယ်
မန်းကျီးဆော်ဒါနဲ့ ချစ်ဘော်ဒါတို့
အဆင်မပြေခြင်းများ ဖြေသိမ့်ရင်း
မျောက်ချေးခါးဆိုင်နဲ့ ကျားဆယ့်တစ်ကောင်ကိုလည်း
မက်မောရိုက်မက်စွာစီးခဲ့
အ၀ါရောင်ရူးသွပ်မူတွေလည်း
နှစ်နှစ်ခြိုက်ခြိုက်စားသုံး
မျက်တွင်းဟောက်ပက် မျက်နှာများနဲ့
အရိုးပေါ်အရေတင် ဘ၀တစ်ခုရခဲ့
လက်တွေ့အသိတရားတို့လည်း
အိပ်တန်းဝင်နောက်ကျခဲ့တယ်း……….

မုသာဝါဒအပြုံး
မပြုံးချင်ပဲ တနေ့တနေ့
ပြုံးလိုက် ပြုံးလိုက်
ရယ်လိုက် ရယ်လိုက်
နေခဲ့ရတာ
ဖတ်ဖတ်ကို မောလို့
ပြုံးလိုက် ပြုံးလိုက်
ရယ်လိုက် ရယ်လိုက်
နေခဲ့ရတာ
ဖတ်ဖတ်ကို မောလို့
ခရီး
ဆာလောင်မွတ်သိပ်မှုတွေ
နာကျင်ဖုထစ်နေမှတော့
အစဉ်အလာတွေကို ထိုးခွဲလန်ဖောက်
စိတ်ကူးတည့်ရာ အတ္ထုပ္ပတ္တိုနဲ့
သမားရိုးကျ ပြုလုပ်ချက်တွေရိုက်ချိုး
လမ်းစဉ်အသစ်နဲ့ လျှော်တက်တစ်ချောင်း
ပုံသဏာန်မဲ့ အသွင်သဏာန်နဲ့
အံ့ချီးမခန်း လှော်ခတ်ခဲ့တယ်
လက်တွေ့အသိတရား
တစ်ခုလောက်ရမလားလို့
နာကျင်ဖုထစ်နေမှတော့
အစဉ်အလာတွေကို ထိုးခွဲလန်ဖောက်
စိတ်ကူးတည့်ရာ အတ္ထုပ္ပတ္တိုနဲ့
သမားရိုးကျ ပြုလုပ်ချက်တွေရိုက်ချိုး
လမ်းစဉ်အသစ်နဲ့ လျှော်တက်တစ်ချောင်း
ပုံသဏာန်မဲ့ အသွင်သဏာန်နဲ့
အံ့ချီးမခန်း လှော်ခတ်ခဲ့တယ်
လက်တွေ့အသိတရား
တစ်ခုလောက်ရမလားလို့
ရန်သူ
ခေါင်းမော့လိုက် ခေါင်းငုပ်လိုက်
ရှေ့ကြည့်လိုက် နောက်ကြည့်လိုက်
တောင်ကြည့်လိုက် မြောက်ကြည့်လိုက်နဲ့
ကြည့်… ကြည့်…ကြည့်ခဲ့ရပေါင်းလဲများလှပြီ….
တွေ့မဲ့တွေ့တော့
ရန်သူက ကိုယ်ကိုကိုယ်တိုင်ပဲ…

အလင်းဖျော့ဖျော့ထဲ အတိတ်
ဖရောင်းတိုင်အလင်းနဲ့
စိတ်ကူးတို့ ရွက်လွင့်ရင်း
မိုးတဖွဲဖွဲကျသံ နားထောင်ရင်း
အတိတ် ပစ္စုပ္ပန် အနာဂတ်
ကြည်နူးဆွတ်ပျံမူ
အလိုမကျမူ
မရေရာ မသေချာမူ
ချိန်ထိုးစဉ်းစားရင်း
ကိုယ့်ကိုကိုယ်သုံးသပ်ရင်း
ပျှော်ရွှင်မူပါးပါးနဲ့
အတိတ်အကြောင်းပြန်တူးဖော်ရင်း
မကျေနပ်မူ့များများနဲ့
ပစ္စုပ္ပန်အကြောင်း သုံးသပ်ရင်း
အိပ်မက်အကျိုးအပဲ့ တစ်ပိုင်းတစ်စနဲ့
အနာဂတ်အကြောင်း တွေးတောရင်း
ညတွေ မနက်ဖြစ်သွားခဲ့ဖူးတယ်
ဟိုက်ဒရိုဂျင်တစ်ဆ ကာဗွန်နှစ်ဆနဲ့
မှုန်ပျပျအလင်းတချို့တော့
လင်းခဲ့ဖူးတယ်………….
စိတ်ကူးတို့ ရွက်လွင့်ရင်း
မိုးတဖွဲဖွဲကျသံ နားထောင်ရင်း
အတိတ် ပစ္စုပ္ပန် အနာဂတ်
ကြည်နူးဆွတ်ပျံမူ
အလိုမကျမူ
မရေရာ မသေချာမူ
ချိန်ထိုးစဉ်းစားရင်း
ကိုယ့်ကိုကိုယ်သုံးသပ်ရင်း
ပျှော်ရွှင်မူပါးပါးနဲ့
အတိတ်အကြောင်းပြန်တူးဖော်ရင်း
မကျေနပ်မူ့များများနဲ့
ပစ္စုပ္ပန်အကြောင်း သုံးသပ်ရင်း
အိပ်မက်အကျိုးအပဲ့ တစ်ပိုင်းတစ်စနဲ့
အနာဂတ်အကြောင်း တွေးတောရင်း
ညတွေ မနက်ဖြစ်သွားခဲ့ဖူးတယ်
ဟိုက်ဒရိုဂျင်တစ်ဆ ကာဗွန်နှစ်ဆနဲ့
မှုန်ပျပျအလင်းတချို့တော့
လင်းခဲ့ဖူးတယ်………….
အမှောင်ထဲက အလင်းနှစ်များ
ည…………
လူသံ သူသံ တိတ်ဆိတ်လို့
မီးရောင်များ
ကွက်ကြားကွက်ကြားလင်းလို့
ထိုင်နေကျ“ကျော်စု” လက်ဖက်ရည်ဆိုင်လေးလည်း
အလင်းမှုန်မှုန်မှာ လဲလျောင်းလို့
ဧဒင်ဥယျာဉ်ထဲက
နူတ်ခမ်းမွှေးရေးရေး
မင်းကွတ်သီးလေးလည်း အိပ်စက်လို့
အဲဒီညမှာ လေးယောက်စလုံး
အပျော်တွေ ပက်ပက်စက်စက်ရွာသွန်း
ကောက်တိကောက်ကွေး ကြယ်ရောင်တွေကြား
ဂစ်တာဝိုင်းဟာလည်း တစ်ယောက်တစ်ပေါက်
အ၀ါရောင်ရူးသွပ်မူ့ကြားက
အမှတ်မထင် စီးဆင်းလာတဲ့
စကားလုံးက………………..
“လူအားလုံး ထိပ်ဆုံးကနေချင်ပေမယ့်
လူအားလုံး ထိပ်ဆုံးက မသေချင်ဘူး….”
အဲဒီညဟာ………
အမှောင်ထဲကအလင်းနှစ်တွေဖြစ်တယ်………………..

ဒုက္ခများရောင်းရန်ရှိသည်
ကျေးငှက်တစ်ကောင်
လှောင်ချိုင့်ထဲ ၀င်ကတဲ့နေ့
ကြယ်စင်တွေ ကကြိုးလွဲ
မာန်ထလာတဲ့ ပင်လယ်ြပင်
မိုးသက်မုန်တိုင်းနဲ့ ပေါင်းစီးလို့
ငါ့ စိတ်ဓာတ်တွေ
အပြုတ်ချေမှုန်း
ဒေါသနဲ့ ဆုံးဖြတ်ထားတဲ့ ကစားပွဲ
သောကတွေ သောက်သောက်လဲပေါလာတယ်
ငါ ထွန်ယက်ခဲ့တဲ့ လုပ်ရပ်တွေ
ဒုက္ခတွေ သီးပွင့်လာလို့ပေါ့
ဒုက္ခများရောင်းရန်ရှိသည်
ဆိုင်းပုဒ်ကိုဆွဲ
လူ့လောကထဲဝင်ခဲ့တာ
တစ်ယောက်မှ ငါ့ကို
ဆေးဖေါ်ကျောဖက်
မလုပ်တော့ဘူး...............
ငါ ထွန်ယက်ခဲ့ ဒုက္ခသီးတွေ
ငါ ကိုယ်တိုင် စားသုံးပြီး
လူ့လောကကို
ခရီးဆက်ရအုံးမယ်ပေါ့လေ..................
လှောင်ချိုင့်ထဲ ၀င်ကတဲ့နေ့
ကြယ်စင်တွေ ကကြိုးလွဲ
မာန်ထလာတဲ့ ပင်လယ်ြပင်
မိုးသက်မုန်တိုင်းနဲ့ ပေါင်းစီးလို့
ငါ့ စိတ်ဓာတ်တွေ
အပြုတ်ချေမှုန်း
ဒေါသနဲ့ ဆုံးဖြတ်ထားတဲ့ ကစားပွဲ
သောကတွေ သောက်သောက်လဲပေါလာတယ်
ငါ ထွန်ယက်ခဲ့တဲ့ လုပ်ရပ်တွေ
ဒုက္ခတွေ သီးပွင့်လာလို့ပေါ့
ဒုက္ခများရောင်းရန်ရှိသည်
ဆိုင်းပုဒ်ကိုဆွဲ
လူ့လောကထဲဝင်ခဲ့တာ
တစ်ယောက်မှ ငါ့ကို
ဆေးဖေါ်ကျောဖက်
မလုပ်တော့ဘူး...............
ငါ ထွန်ယက်ခဲ့ ဒုက္ခသီးတွေ
ငါ ကိုယ်တိုင် စားသုံးပြီး
လူ့လောကကို
ခရီးဆက်ရအုံးမယ်ပေါ့လေ..................
ဂျစ်ပစီအဖိုးအိုနှင့်လူငယ်များ
ကင်းကွာခဲ့သော ဘော်ဒါများနဲ့
တွေ့ဆုံဖို့ဆင်းလာခိုက်
အ၀ါရောင်ပျော်ရွှင်မှုတွေနဲ့ ပက်ပင်းတိုးခဲ့
နားလိုက် ရွာလိုက်
မိုးစက်တွေကြား
အပေါင်းအသင်းများနဲ့
အ၀ါရောင်ပျော်ရွင်မှုတွေ မျှဝေခံစား
ပင့်ရုန်းပေါက်ချလိုက်တဲ့
မိုးစက်တွေအောက်
ဖြူစင်မြင့်မြတ်မှုတွေ
တွေ့လိုက်ရတယ်
မငြိမ်းမချမ်း
အိမ်ကထွက်လာပေမဲ့
ဘော်ဒါတို့ရဲ့
သနားကြင်နာမှုတွေ မြင်တွေ့ခွင့်ရခဲ့
အဲဒီည…..
ဝိဥာဉ်ဆန်ဆန် အဖိုးအိုတစ်ဦးကို
သူနေထိုင်ရာ မြို့စွန်းက
နတ်စင်သို့ပို့ဆောင်
အပြန်လမ်းမှာတော့
စုတ်ချက်ကြမ်းကြမ်း ဘ၀အတွက်
အရိုးပေါ် အရေတင်
စီးပွားရေး အတွေးအခေါ်များနဲ့
အရောင်းအ၀ယ် စကားတို့
အေးမှုန်ခါးခါး အလင်းမျက်နှာထဲ
စိမ့်ယိုပေါက်ကျလို့
ငါကတော့
ငေးမှိုင်တိတ်ဆိတ်
ညရဲ့အထားအသို
လှိုင်းရိုက်သံရဲ့ အခင်းအကျင်း
ဂျစ်ပစီအဖိုးအိုတစ်ဦးရဲ့
ဗလုံးဗထွေး စကားသံများ
မင်းတို့ရဲ့ သနားကြင်နာမှု
အမှောင်အသမ်းမှာ
အသိအမှတ်ပြု စဉ်းစားရင်း
ငါ့ စိတ်ကူးတွေ
ပီပီပြင်ပြင် ဖြစ်မလာခဲ့ဘူး
ငါ ချယ်မှုန်းမဲ့ စိတ်ကူး
ဒီထက်မက လှပပါတယ်
ဒီထက်မက ခန်းနားမြင့်မြတ်ပါတယ်
တလိမ့်ခေါက်ကွေး ကျလာတဲ့
လေးနက်မှုတွေ တွေးတောရတာ
ငြီးငွေ့လှပြီ……..
ဖြစ်နိုင်မယ်ဆိုရင် ပေါ့ပေါ့ပါးပါး
လူ့လောကကို ဖြတ်သန်းကြပါစို့….

လမ်းပျောက်သောနေ့များ
စိတ်ပျက်စရာကို စိတ်ပျက်တယ်
တစ်ခါခါဆို ပျစ်ပျစ်နှစ်နှစ်
ဆဲပစ်လိုက်ဖို့ ကောင်းတယ်
လူ့ဘ၀ကြီးထဲ
အလိုမကျမှုတွေ ပွေးပိုက်ရင်း
မျှော်လင့်ချက်တွေ လုံးပါးပါးခဲ့ပြီး
ပြီးတော့လည်း ပြီးသွားမှာပါပဲ
ထင်လား…………
မပြောင်းလဲတဲ့ ခေါင်းစဉ်အောက်
မပျက်မကွက် နေထိုင်မှုရဲ့
အံ့ချော်နေဆဲ
အဖြစ်အပျက်တွေရှိတယ်
အချောမသတ်ရသေးတဲ့
အိပ်မက်တွေဖောင်းကားလို့
ထမင်းရည်စည်းလောင်
ယဉ်ကျေးမှုများနဲ့ လူတချို့
ကိုယ်တိုင် ရှင်းပြမတတ်တဲ့
စကားလုံး တချို့
လပ်ဆတ်မှုမဲ့ စိတ်ဓာတ်တစ်ခု
စိတ်ပျက်စရာ ကောင်းလောက်အောင်
အရာရာ နိမ့်ကျမှုတွေနဲ့
အရာရာ မကျေနပ်မှုတွေနဲ့
ငါ့ ၀ိဥာဉ်တစ်ခုလုံး မရှင်းမလင်း
ဘ၀ဆိုတာ
ဘယ်လို ခေါင်းစဉ်တပ်မလဲ
ဘယ်လို တံဆိပ်တပ်မလဲ
အနှစ် နှစ်ဆယ်ဖြတ်သန်းလာခဲ့သမျှ
ရသ ကိုးပါး ခံစားခဲ့သမျှ
အချောမသတ်ရသေးတဲ့
အိပ်မက်တွေဖောင်းကားလို့
အရာရာအားလုံးဟာ
ပြီးတော့လည်း ပြီးသွားမှာပဲ……….
တစ်ခါခါဆို ပျစ်ပျစ်နှစ်နှစ်
ဆဲပစ်လိုက်ဖို့ ကောင်းတယ်
လူ့ဘ၀ကြီးထဲ
အလိုမကျမှုတွေ ပွေးပိုက်ရင်း
မျှော်လင့်ချက်တွေ လုံးပါးပါးခဲ့ပြီး
ပြီးတော့လည်း ပြီးသွားမှာပါပဲ
ထင်လား…………
မပြောင်းလဲတဲ့ ခေါင်းစဉ်အောက်
မပျက်မကွက် နေထိုင်မှုရဲ့
အံ့ချော်နေဆဲ
အဖြစ်အပျက်တွေရှိတယ်
အချောမသတ်ရသေးတဲ့
အိပ်မက်တွေဖောင်းကားလို့
ထမင်းရည်စည်းလောင်
ယဉ်ကျေးမှုများနဲ့ လူတချို့
ကိုယ်တိုင် ရှင်းပြမတတ်တဲ့
စကားလုံး တချို့
လပ်ဆတ်မှုမဲ့ စိတ်ဓာတ်တစ်ခု
စိတ်ပျက်စရာ ကောင်းလောက်အောင်
အရာရာ နိမ့်ကျမှုတွေနဲ့
အရာရာ မကျေနပ်မှုတွေနဲ့
ငါ့ ၀ိဥာဉ်တစ်ခုလုံး မရှင်းမလင်း
ဘ၀ဆိုတာ
ဘယ်လို ခေါင်းစဉ်တပ်မလဲ
ဘယ်လို တံဆိပ်တပ်မလဲ
အနှစ် နှစ်ဆယ်ဖြတ်သန်းလာခဲ့သမျှ
ရသ ကိုးပါး ခံစားခဲ့သမျှ
အချောမသတ်ရသေးတဲ့
အိပ်မက်တွေဖောင်းကားလို့
အရာရာအားလုံးဟာ
ပြီးတော့လည်း ပြီးသွားမှာပဲ……….
သီတင်းကျွတ်အလွမ်း
အခုချိန်ဆို
ရွှေကော့သောင်းလည်း
မာကျူရီမီးနဲ့အတူ ဆီမီးထိန်ထိန်လင်းလို့
ရွှေလရောင်ထိန်ထိန်ကြား
ဆီမီးဝါ၀ါတွေ စီစီညီလို့
အဝေးရောက် ကျွန်တော်
အမိမြေလွှမ်း သတိရမှုတွေ
ဒလိမ့်ခေါက်ကွေး စီးဝင်
အဘိဓ္ဓာန်ဆန်ဆန် အတွေး
အိပ်မက်မက်ဆန်ဆန် စိတ်ကူးတွေ
မင်တံကြားက စိမ့်ယိုပေါက်ကျ
သတိရလွမ်းဆွတ်မှုတွေ
မျဉ်းကြောင်းပေါ်သွန်ချ
အ၀ါရောင်ရူးသွပ်မှုတွေမေ့ပစ်
လပြည့်ညတွေအတွက်
အဆုံးသတ်မျဉ်းကြောင်းတွေ
သုံးသတ်မှုတွေ မထည့်ချင်တော့ဘူး……………
ရွှေကော့သောင်းလည်း
မာကျူရီမီးနဲ့အတူ ဆီမီးထိန်ထိန်လင်းလို့
ရွှေလရောင်ထိန်ထိန်ကြား
ဆီမီးဝါ၀ါတွေ စီစီညီလို့
အဝေးရောက် ကျွန်တော်
အမိမြေလွှမ်း သတိရမှုတွေ
ဒလိမ့်ခေါက်ကွေး စီးဝင်
အဘိဓ္ဓာန်ဆန်ဆန် အတွေး
အိပ်မက်မက်ဆန်ဆန် စိတ်ကူးတွေ
မင်တံကြားက စိမ့်ယိုပေါက်ကျ
သတိရလွမ်းဆွတ်မှုတွေ
မျဉ်းကြောင်းပေါ်သွန်ချ
အ၀ါရောင်ရူးသွပ်မှုတွေမေ့ပစ်
လပြည့်ညတွေအတွက်
အဆုံးသတ်မျဉ်းကြောင်းတွေ
သုံးသတ်မှုတွေ မထည့်ချင်တော့ဘူး……………
အမိမြေအလွမ်း
ကောက်ကြောင်းမဲ့ သတိရခြင်း
စုတ်ချက်မဲ့ လွမ်းဆွတ်ခြင်းနဲ့
စိတ်ကူးတွေ လေပူဘောင်းလို
အတိတ်သို့ လွင့်ပါ
အမိမြေကို စွန့်ခွာခဲ့သလို
အမေ့အိမ်ကိုလည်း စွန့်ခွာခဲ့
အမေ့ကိုလွမ်းသလို
ရွှေကော့သောင်းကိုလည်းလွမ်း
ထိုင်နေကျ"ကျော်စု "ဆိုင်လေးနဲ့
ဘော်ဒါတို့ကို လွမ်းပါရဲ့
စမ်းတ၀ါး အိပ်မက်များနဲ့
အဖုအထစ်တချို့
အဖြစ်အပျက်တွေ မဖြစ်မနေ
post တင်ဖို့ စိတ်ကူးချိုချိုတွေ
မက်မက်စက်စက်လိုအပ်တယ်……………..
စုတ်ချက်မဲ့ လွမ်းဆွတ်ခြင်းနဲ့
စိတ်ကူးတွေ လေပူဘောင်းလို
အတိတ်သို့ လွင့်ပါ
အမိမြေကို စွန့်ခွာခဲ့သလို
အမေ့အိမ်ကိုလည်း စွန့်ခွာခဲ့
အမေ့ကိုလွမ်းသလို
ရွှေကော့သောင်းကိုလည်းလွမ်း
ထိုင်နေကျ"ကျော်စု "ဆိုင်လေးနဲ့
ဘော်ဒါတို့ကို လွမ်းပါရဲ့
စမ်းတ၀ါး အိပ်မက်များနဲ့
အဖုအထစ်တချို့
အဖြစ်အပျက်တွေ မဖြစ်မနေ
post တင်ဖို့ စိတ်ကူးချိုချိုတွေ
မက်မက်စက်စက်လိုအပ်တယ်……………..
ကော့သောင်းမြို့နှင့်တနင်္သာရီ
ကော့သောင်းမြို့သည် မြန်မာနိုင်ငံ တနင်္သာရီတိုင်း၏ တောင်ဘက်အကျဆုံး အစွန်းအဖျားတွင်တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။မြန်မာနိုင်ငံ၏မြောက်ဘက်အကျဆုံး ပူတာအိုမြို့မှ ကော့သောင်းအထိ ကီလိုမီတာ ၂၀၀၀(၁၂၄၂ မိုင်ခန့်)ကွာဝေး၍ ရန်ကုန်မြို့မှ ကော့သောင်းအထိ ကီလိုမီတာ ၈၀၀ (၄၉၇ မိုင်ခန့်)မျှကွာဝေးလေသည်။ကော့သောင်းမြို့သည် ရေလုပ်ငန်းအဓိကထားသော ကျေးလက်၏ဓလေ့များကိုထိန်းသိမ်းထားလျှက်ရှိသည်။ပင်လယ်ရေနယ်နိမိတ်ချင်းဆက်စပ်နေသည့် ကော့သောင်းနှင့်ထိုင်းနိုင်ငံမှ ရနောင်းမြို့သည် မျက်နှာချင်းဆိုင်တည်ရှိနေသည်။ရနောင်းဘက်မှ ကော့သောင်းကိုလှမ်းမျှော်ကြည့်လိုက်ပါက ပင်လယ်အော်တစ်ဝိုက်ရှိ လူနေအိမ်ခြေများကို သစ်တောဖုံးလွမ်းနေသော တောင်ကုန်များနောက်ခံပြုလျက်တည်ရှိနေသည်ကိုတွေ့ရှိနိုင်ပေသည်။
ကော့သောင်းမြို့ကို ရောက်ရှိပါက ဘုရင့်နောင်အငူ(Cape Bayin Naung)တွေ့ရမည်။
ကော့သောင်းနှင့်ဘုရင့်နောင်
ဘုရင့်နောင်မင်းတရားကြီး(ခရစ်နှစ်၁၅၅၁ ခုမှသည် ၁၅၈၁ ခုနှစ်)သည် အဝေးဆုံး ဗီယန်ရှင်းနှင့်ဇင်းမယ်အထိ အနောက်ဘက်တွင် အာသံပြည်နယ်အထိ နယ်နိမိတ်ဖြန့်ကျက်ခဲ့ပေသည်။
ဘုရင့်နောင်သည် ယိုးဒယားအား ထိုးစစ်ဆင်တိုက်ခိုက်ရန် ကော့သောင်းသို့ မကြာမကြာစစ်ချီရောက်ရှိလာခဲ့ပေသည်။ ဘုရင့်နောင်မင်းတရားကြီးသည် သြဇာတိက္ကမကြီးသည့် ဘုရင်တစ်ပါးဖြစ်ခဲ့ချေသည်။သူသည် ၁၅၄၈ခုနှစ်နှင့် ၁၅၆၉ခုနှစ်ကြားကာလများအတွင်းက စစ်သူကြီးအဖြစ်နှင့်နောက်ပိုင်းတွင် ဧကရာဇ်အဖြစ် အကြိမ်အတော်တော်များများ ယိုးဒယားနိုင်ငံ၏ ကျူးကျော်စစ်ကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ကာ ၁၅၆၉ခုနှစ်တွင် ယိုးဒယားနိုင်ငံ၏မြို့တော် အယုဒ္ဓမြို့ကိုတိုက်ခိုက်ခဲ့သည်။
ကော့သောင်းမြို့နှင့်ပတ်ဝန်းကျင်
ကော့သောင်းမြို့တွင် ခရီးသည်အပြိုင်ခေါ်ယူကြသော လှေသမားများ၏ အသံများဖြင့် ပျံ့လွင့်လျက်ရှိသည်။ကော့သောင်းသည် စည်ကားလှသော ငါးဖမ်းဆိပ်ကမ်းတစ်ခုဖြစ်သည်။ဖမ်းဆီးရမိသော ငါးအများဆုံးကို ဈေးကောင်းရသော ရနောင်းတွင် သွားရောက်ရောင်းချကြလေသည်။
ကော့သောင်းမြို့တွင်း၌ မြန်မာ ကရင် မွန် ရခိုင် တရုတ် မလေး အိန္ဒိယ ဆလုံနှင့်ယိုးဒယားလူမျိုးများ အပါအ၀င် လူမျိုးပေါင်းစုံနေထိုင်ကြသည်။ဗုဒ္ဓဘာသာဘုရားစေတီပုထိုများ ဘုန်းကြီးကျောင်းများ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့်ဗလီဝတ်ကျောင်းများ အသီးသီးရှိသည်။သယ်ယူပို့ဆောင်ရေးတွင် အဓိကနည်းလမ်းတစ်ခုဖြစ်နေသည့် မော်တော်ဆိုင်ကယ်များဖြင့် ကော့သောင်းသည် အမြဲတမ်းသက်ဝင်လှုပ်ရှားနေပေသည်။မော်တော်ဆိုင်ကယ်ကို အငှားယဉ်အဖြစ်အသုံးပြုနိုင်၍ ကားများကို အတွေ့ရနည်းလှပေသည်။
ဆူညံသံများမှကင်းဝေးစေရန်နှင့်ကော့သောင်းမြို့၏စွဲမက်ဖွယ်ရှိသော ရူမျှော်ခင်းကို ခံးစားနိုင်ရန်အတွက် ဘုရင့်နောင်မတ်တတ်ရပ်ဟန်ရုပ်တုတည်ရှိရာ တောင်းကုန်ပေါ်သို့ တက်ရောက်၍ ကြည့်ရူနိုင်ပေသည်။လှေကားထစ်များသဖွယ် တည်ဆောက်တားပုံရသည့် လူနေအိမ်ခြေထူထပ်လှသော ကော့သောင်းမြို့မြစိမ်းရောင် သစ်တောများဖုံးလွှမ်းထားသည့် တောင်ကုန်းများက ၀န်းရံထားကြသည်။အိမ်ခြေများသည် မြို့ပြင်ဘက်သာမက တောင်ခြေတောင်ကုန်းငယ်များတိုင်အောင် ပျံနှံနေကြသည်။ကုန်းမြင့်အထက်ပိုင်းနေရာများတွင် ဘုရားစေတီများတည်ရှိနေကြပြီး အဝေးရှိတောင်းကုန်းငယ်တစ်ခုခြေရင်းတွင် လျှောင်းတော်မူဗုဒ္ဓရုပ်ပွားတော် တစ်ဆူတည်ရှိနေသည်။
ဘုရင့်နောင်အငူ (ယခင်ဝိတိုရိယပွိုင့်)
ဗြိတိသျှအုပ်ချုပ်စဉ်ကာလ ၀ိတိုရိယဘုရင်မကြီး(QUEEN VICTORIA)ကို အစွဲပြု၍ ကော့သောင်းဝိတိုရိယပွိုင့်ဟု အမည်ပေးခဲ့ကြသည့် ဆိပ်ကမ်းနေရာတစ်ခုရှိသည်။၎င်းဆိပ်ကမ်းနေရာသည် နေရောင်အောက်တွင် အရောင်တလက်လက်တောက်နေသည့် ရေမြင်အတွင်းသို့ ထိုးထွက်နေသည့် ကျွန်းဆွယ်တစ်ခုဖြစ်သည်။ထိုဝိတိုရိယပွိုင့်အငူစွန်းကို ယခုအခါဘုရင့်နောင်အငူဟုအမည်မှည့်ခေါ်ခြင်းဖြစ်သည်။
ဘုရင့်နောင်အငူစွန်းတွင်ခြေတံရှည်လူနေအိမ်များ၊နယ်ဒေသစစ်ဆေးရေးဂိတ်ဝနှင့်လူဝင်မှု့ကြီးကြပ်ရေးစသည့်ရုံးများလည်းရှိသည်။ကော့သောင်းကုန်းမြေနှင့်မျက်နှာချင်းဆိုင်ဆက်စပ်နေသောကျွန်းမှာမြိတ်ကျွန်းစု
တွင်ပါဝင်သောတောင်ဘက်အကျဆုံးကျွန်းတစ်ကျွန်းဖြစ်သည်။ယင်းကျွန်းသည်မွေတော်ကျွန်းအဖြစ် ထင်းရှားသည်။မြတ်ဗုဒ္ဓ၏ဓာတ်တော်မွေတော်များထည့်သွင်းဌာပနာထားသည်ဆိုသောတေင်ကုန်းထိပ်ရှိစေတီနှစ်ဆူတည်ရှိရာကျွန်းဖြစ်ပေသည်။ယင်းကြေင့်ပင်အဆိုပါမွေတော်ကျွန်းသို့ ကော့သောင်းဘက်မှငါးမိနစ်ကြာမျှလှေစီး၍ကူးသန်းသွားလာကြသောဘုရားဖူးခရီးသွားများအဆက်မပြတ်ရှိနေတတ်သည်။ကော့သောင်းမှနေ၍ အန်ဒမန်ကလပ်ဇော့တ်(Andaman Club Resort)ဟိုတယ်ရှိရာသူဌေးကျွန်းဆီသို့ ဖယ်ရီသင်္ဘောဖြင့်၁၀မိနစ်ခရီးအဖြစ်သွားရောက်နိုင်သည့်စပိဘုတ်(Speed Boat)ဖြင့်သွားေ၇ာက်ပါကသုံးမိနစ်ကြာမျှသွားရသည်။
သူဌေးကျွန်းနှင့်ကော့သောင်းတံငါရွာ
ဘုရင့်နောင်ရုပ်ထုတည်ရှိရာနေရာမှအန်ဒမန်ပင်လယ်ပြင်ကိုဖြတ်ကျော်ကြည့်လိုက်ပါကသူဌေးကျွန်းကိုထင်ရှားစွာတွေ့မြင်နိုင်ပေသည်။သူဌေးကျွန်းရှိအန်ဒမန်ကလပ်ရီဇော့တ်ဟိုတယ်သည် အထူးဖန်တီးထားသည့်တည်းခိုနားနေရာဟိုတယ်ဖြစ်သည်။၁၈ကျင်းပါဝင်သည့်ဂေါက်တီးရိုက်ကွင်း ကလေးများအတွက် ရေကူးကန်တစ်ခုနှင့်လူကြီးများအတွက် ရေကူးကန်ကြီးတစ်ခု အစဉ်အလာရိုးရာအနှိပ်ပညာဖြင့် ၀န်ဆောင်ပေးမူများသာမက လေ့ကျင့်ခန်းသုံးပစ္စည်းကရိယာများအပြည့်အစုံရှိသော ကျန်းမာရေးလေ့ကျင့်ခန်းနေရာ ကာရာအိုကေခန်းမ
နှင့်နိုင်ငံတကာစားတော်ဆက်များဖြင့် စီစဉ်ပေးထားသည်။ ယင်းဟိုတယ်၏အဆင့်အတန်းမှာ ကြယ်ငါးပွင့်အဆင့်ရှိပြီး ဂြိုဟ်တုဆက်သွယ်ရေး ရုပ်မြင်သံကြား ဟိုတယ်တွင်းရုပ်ရှင်ရုံနှင့် IDD တယ်လီဖုန်းများတပ်ဆင်ဆောင်ရွက်ပေးထားသည်။
ကော့သောင်းမြို့မှ ငါးကီလိုမီတာအကွာ၌ သိရိမြိုင်ရပ်ကွက်အမည်ရှိ တံငါရွာတည်ရှိနေပေသည်။၎င်းတံငါရွာအနီးရှိ တောင်ကုန်းတစ်ခုထိပ်တွင် သုံးမိုင်ဘုရားရှိသည်။အဓိကစေတီတော်အား ရွှေသင်္ကန်းကပ်လှူပူဇော်ထားသည်။စေတီ၏အောက်ခြေဖိနပ်တော်မှာ ထောင့်ရှစ်ထောင့်ပါရှိသည့် အဋ္ဌဂံပုံစံအုတ်ခုံဖြစ်ပေသည်။ယင်းထောင့်ရှစ်ထောင့်ရှိ ဋ္ဌာပနာအတွင်းချိုင့်နေရာရှစ်နေရာတွင် တင်ပျဉ်ခွေဗုဒ္ဓရုပ်ပွားတော်တစ်ဆူစီ ကိန်းဝပ်စံပယ်လျက်ရှိသည်။တောင်ကုန်းအမြင့်ဆုံးနေရာတွင် ကြာပွင့်ပေါ်၌ထိုင်၍ စံပယ်နေသော မြတ်ဗုဒ္ဓရုပ်ပွားတော်၏ ဦးခေါင်းတော်အထက်၌ နဂါးမင်းကပါးပျဉ်းဖြင့်အုပ်မိုးထားသည့် နဂါးရုံဘုရားတစ်ဆူကိုဖူးမြော်နိုင်ပေသည်။တောင်ကုန်းအထက်မှ လှမ်းကြည့်လိုက်ပါက သီဟိုပင်စိုက်ခင်းများ ပြာလဲ့ကြည်လင်သော အန်ဒမန်ပင်လယ်ပြင် သူဋ္ဌေးကျွန်း ဆလုံကျွန်းနှင့်ပို၍ဝေးသောနေရာတွင် ဇာဒက်ကြီးကျွန်းတို့အပါဝင်မြိတ်ကျွန်းစုကို တွေ့မြင်ရမည်ဖြစ်သည်။
မြိတ်ကျွန်းစု
မြိတ်ကျွန်းစုတွင် စုစုပေါင်းကျွန်းပေါင်း ၈၀၄ ကျွန်းပါဝင်သည်ဟုဆိုသော်လည်း အချို့ခန့်မှန်းတွက်ဆမှုအရ ကျွန်းပေါင်း ၁၀၀၀ကျော်ရှိနိုင်သည်ဟုဆိုကြ၏။အကြီးဆုံးကျွန်းမှာ ဘုရင်ကျွန်း(KING ISLAND)ဖြစ်ပြီး ဟက်တာပေါင်း ၄၄၀၀၀ရှိသည်။ကျွန်းအများအပြားမှာ ပင်လယ်အတွင်းမှထိုးထွက်နေကြသော ကျောက်တုံးကျောက်စိုင်ကျွန်းများဖြစ်ကြသည်။အချို့ကျွန်းများမှာ ထုံးကျောက်ကျွန်းများဖြစ်ကြပြီး မီတာပေါင်းရာနှင့်ချီ၍ရှည်လျားသည်။ယင်းကျွန်းများပေါ်တွင် ဇီဝဇီုးငှက်သိုက်များကို တွေ့ရှိကြသည်။လူများနှစ်ခြိုက်ခုံမင်စွာ ငှက်သိုက်ဆေးဖော်စပ်သုံးစွဲကြပြီး တန်ဖိုးကြီးမားသည့် အစားအစာတစ်ခုလည်းဖြစ်သည်။ကစ်စာရိုင်းနှင့်ဒိုမဲလ်ကျွန်းတို့အကြားရှိ ကျွန်းတစ်ခုကို စကျင်ကျောက်(ကျောက်ဖြူ)ကျွန်းများဟုခေါ်ဝေါ်သမုတ်ထားကြသည်။အရည်သွေကောင်း စကျင်ကျောက်များထွက်ရှိသည်။ကစ်စရိုင်းနှင့်ဆဲလ်လိုကျွန်းများ၏ ကမ်းရိုးတန်းတစ်လျှောက်"ဘုရင့်ကျွန်း "ထားဝယ်ကျွန်းနှင့်တံငါကျေးရွာများကလွဲလျှင် မြိတ်ကျွန်းစုသည် ယင်းကျွန်းစုကိုလှည့်လည်သွားလာကျက်စားနေကြသော ဆလုံသို့မဟုတ် ပင်လယ်ဂျစ်ပစီတို့အဓိကနေထိုင်ကြသည်။
ဆလုံတို့ဋ္ဌာနီ
တစ်ချိန်သောအခါက အသားအရေညိုမည်းပြီး နေလောင်ဒဏ်ကြောင့် ခြောက်သွေ့၍နီကြောင်ကြောင်ဖြစ်နေသော ဆံပင်များရှုပ်ပွနေသည့် ဆလုံလူမျိုးစုတို့သည် မလေးကျွန်းဆွယ်(ယနေ့မလေးရှားကျွန်းဆွယ်)တွင် အခြေချနေထိုင်ခဲ့ကြသည့် မလေးလူမျိုးနွယ်ဝင်များဖြစ်သည်။၎င်းတို့၏ဘာသာစကားမှာ ကမ္ဘောဒီးယာက ချင်းတိုင်းရင်သားတို့၏ စကားနှင့်အတော်ပင်တူညီမှုရှိနေသည်ကိုတွေ့ရသည်။ပင်လယ်ပျော်ဆလုံကျွန်းသားတို့၏ ရေကူးရေငုပ်ကျွမ်းကျင်မှုသည်လည်းအံ့သြဖွယ်ရာဖြစ်ပေသည်။၂၀၀၄ခုနှစ် ဖေဖော်ဝါရီလတွင် လန်ပီကျွန်း၌ကျင်းပခဲ့သော ဆလုံပွဲတော်မှာလည်း ကမ္ဘာလည့်ခရီးသွားများအတွက် အလွန်စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ကော့သောင်းအနီးရှိ ဆလုံကျွန်းတွင် လင်းပိုင်မွေးမြူလေ့ကျင့်မှုသည်လည်း အောင်မြင်နေပြီဖြစ်၍ တနင်္သာရီတိုင်းအတွင်း ကမ္ဘာလည့်ခရီးသွားလုပ်ငန်း အခြေခံကောင်းများတိုးတက်နေပြီဖြစ်သည်။
ဆလုံတို့သည်ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြလေသည်။ရေပျော်ဆလုံတို့သည် ငါးပုတ် ငါးကွမ်းရှပ် ငါးခွေးရှာ ငါးပုဏ္ဍား ကကူရံ ငါးမြင်းရင်း ငါးမြစ်ချင်းတို့ကိုဖမ်းဆီးပြီး ရနောင်းလက်ကားအ၀ယ်ဒိုင်များသို့ရောင်းချကြသည်။
ကော့သောင်းမြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး ရော်ဘာလုပ်ငန်းမှာလည်း တိုးတက်ဖွံ့ဖြိုးလျက် ပြင်ပတိုက်ရိုက်တင်ပို့နိုင်သော ပင်လယ်ရေထွက်ကုန်ပစ္စည်းများဖြင့် စည်ကားလှသည့် တံငါဆိပ်ကမ်းတစ်ခုလည်းဖြစ်သည်။ကမ်းနားလမ်း အနောက်ဘက်တွင် ပင်လယ်ထွက်အစားအစာရောင်းချသော စားတော်ဆက်အများအပြား တည်ရှိနေကြသည်။တနင်္သာရီတိုင်းသည် ရေသယံဇာတ မြေသယံဇာတပေါများသည်ဖြစ်ရာ လယ်ယာကဏ္ဍစုစုပေါင်း စိုက်ပျိုးနိုင်မှုသည် ယခင်တစ်နှစ်လျင် ဧက ၄၆၈၀၀၀ ကျော်ရှိခဲ့ရာမှ ယခုအခါ ဧက ၆၇၀၀၀၀ ကျော်အထိတိုးတက်လာကြောင်းသိရသည်။တစ်နှစ်ဆန်စပါးစိုက်ပျိုးထုပ်လုပ်နိုင်မှုသည်လည်း တင်းပေါင်း ၁၆၇ သိန်းအထိတိုးတက်လာသည်ဟုဆိုသည်။
တနင်္သာရီတိုင်းသည် ဆီအုန်းစိုက်ပျိုးရန်းရေမြေသဘာဝ ရာသီဥတုအခြေအနေပေးသည့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင် ၁၆ဖွဲ့ကဆီအုန်းပင်များကို အင်တိုက်အားတိုက်စိုက်ပျိုးခဲ့ရာ ယနေ့အချိန်တွင် ဧက ၁၁၀၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်သည်။မကြာသောကလတွင် တနင်္သာရီတိုင်းသည် နိုင်ငံတော်၏ဆီအိုးကြီးအဖြစ်တင်းစားခေါ်ခံရမည်မှာ မလွဲဧကန်ဖြစ်သည်။
စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်သော ရော်ဘာကိုလည်း ဧက ၁၄၀၀၀၀ ကျော်အထိတိုးချဲ့စိုက်ပျိုးနိုင်ခဲ့သည်။သားငါးကဏ္ဍတိုးတက်မှု ငါးပုစွန်ထုပ်လုပ်မှု ပုလဲမွေးမြူရေးလုပ်ငန်း ဥစားကြက်မွေးမြူရေး ပညာရေးစသည့်ကဏ္ဍအသီးသီး၌ဖွံ့ဖြိုးတိုးတက်မှုများရှိလာခဲ့သည်။စက်မှုဇုန်းများဖွဲ့စည်းပြီး မော်တော်ကားများကိုပင် ထုပ်လုပ်နေလေပြီ။ ရေး-ထားဝယ်မီးရထားလမ်းကိုလည်းဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်သည်။တနင်္သာရီတိုင်းအတွက် အသစ်တည်ဆောက်ပြီးသွားသော လေညှာမြစ်ကိုဖြတ်ကူးထားသည့် လေညှာ-မဏ္ဍိုင်တံတားနှင့်ကျွဲကူး-ကျောက်ဖျာတံတားတို့ကိုလည်း ရှေ့ဆင့်နောက်ဆင့်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။သဘာဝဓာတ်ငွေ့ကိုလည်းတိုးချဲ့ရှာဖွေဖော်ထုတ်လျက်ရှိနေသည်။ကျွဲကူး-ကျောက်ဖျာတံတားမှာ တနင်္သာရီတိုင်းတွင်တည်ရှိ၍ကျောက်ဖျာမြစ်ကူး မြိတ် - ထားဝယ်ကားလမ်းပေါ်၌တည်ရှိသည်။ယခုအခါတနင်္သာရီတိုင်းတွင် တံတားများစွာတို့ကို နိုင်ငံတော်ကတည်ဆောက်ပေးခဲ့သဖြင့် မြန်မာနိုင်ငံ မြောက်ဘက်စွန်းမှတောင်ဘက်စွန်း ကော့သောင်းမြို့အထိတောက်လျှောက်ဥဒဟိုသွားလာနိုင်ပြီဖြစ်သည်။မြန်မာပြည်တောင်ဘက်အဖျားစွန်းကကော့သောင်းမြို့သည် တစ်နှစ်ထက်တစ်နှစ်ပိုမိုလှပသာယာကာကြည်နှုးဖွယ်ဖြစ်ပေတော့သည်။
Subscribe to:
Posts (Atom)